Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

(ယာဥ်တိမ်း​မှောက်မှုဖြစ်ပွားပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ- ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်း)

ဩဂုတ်-၂၊၂၀၂၆။တေဇ/People’s Spring

ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဆိုင်ကယ်ကိုရှောင်ရင်း အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့ပြီး သံဃာတစ်ပါးနဲ့ လူ ခြောက်ဦး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက အသိပေးထားပါတယ်။

ဩဂုတ်၂ ရက်ကနေပြည်တော်ဇေယျာသီရိမြို့နယ် မရင်းကြီးကျေးရွာနားမှာ ယာဉ်တိမ်းမှောက်ခဲ့တာဖြစ်ပြီး သံဃာတစ်ပါးနဲ့ အမျိုးသားတစ်ဦး ၊ အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်ကိုရှောင်ရာကနေ အိမ်စီးကားက တစ်ပတ်လည်ပြီး တိမ်းမှောက်သွားတာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒဏ်ရာရရှိသူတွေက စိုးရိမ်ဒဏ်ရာရရှိခဲ့ပေမယ့်ကုတင်တစ်ထောင်ပြည်သူ့ဆေးရုံကို အ

ချိန်မီ ပို့ဆောင်ပေး‌နိုင်ခဲ့တယ်လို့ ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းက​ဖော်ပြထားတယ်။

ကားကအရှိန်တော်တော်များတာကြောင့် တစ်ပတ်လည်သည်အထိ တိမ်းမှောက်တာဖြစ်နိုင်တယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

Facebook