Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်ပေး

အာဏာသိမ်းတဲ့ရက်မနက်အစောပိုင်းကတည်းကမတရားဖမ်းဆီးအကျဉ်းချထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး (ICRC ) ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ ဒီနေ့ ( သြဂုတ်လ ၃ ရက် ) မှာ တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ အာဏာသိမ်းခေါင်းဆောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူရဲ့တယ်လီဂရမ်ချန်နယ်က ဖော်ပြပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်နဲ့ ICRC တာဝန်ရှိသူတို့ ဒီကနေ့ ဩဂုတ် ၃ရက်မှာ တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - စစ်ကောင်စီ)

သြဂုတ် – ၃ ၊၂၀၂၆

အာဏာသိမ်းတဲ့ရက်မနက်အစောပိုင်းကတည်းကမတရားဖမ်းဆီးအကျဉ်းချထားတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကြီး (ICRC ) ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်နဲ့ ဒီနေ့ ( သြဂုတ်လ ၃ ရက် ) မှာ တွေ့ဆုံခွင့်ပေးခဲ့တယ်လို့ အာဏာသိမ်းခေါင်းဆောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက သူရဲ့တယ်လီဂရမ်ချန်နယ်က ဖော်ပြပါတယ်။

ဒီနေ့ မနက်ပိုင်းမှာ တွေ့ဆုံခွင့်ပေးတာလို့ ဖော်ပြချက်မှာ ဆိုထားပါတယ်။

ဒါပေမယ့် တွေ့ဆုံခွင့်ပြုတဲ့ နေရာနဲ့အချိန်အတိအကျ ကိုတော့ သတင်းထုတ်ပြန်ချက်မှာ မထည့်ထားပါတယ်။ ICRC ဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံမှုဟာ မျှော်လင့်ချက်တွေကို ယူဆောင်လာကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ပြောကြားလိုက်ပြီး မိခင်နဲ့စကားပြောခွင့်၊ တွေ့ဆုံခွင့်အပြင် မိခင်နဲ့အတူ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးမျှော်လင့်နေကြောင်း အသိပေးပါတယ်။

သတင်း

ငါးနှစ်ကျော်အတွင်း မိခင်နဲ့ ပတ်သက်ပြီး အပြုသဘောဆောင်တဲ့ ပထမဆုံးတိုးတက်မှုဖြစ်ပြီး မိခင်အပါအဝင်နိုင်ကျဥ်းအားလုံးလွှတ်​ပေးရန် ကင်မ် ဆက်လက်​တောင်းဆို

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။