Connect with us

Hi, what are you looking for?

သတင်း

ရေတိုက်စားမှုကြောင့် လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပေါ်ရှိ တံတားတစ်စင်း ပျက်စီး

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ဩဂုတ်-၃၊၂၀၂၆၊တာရာ/People’s Spring

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။

ပျက်စီးသွားတဲ့ တံတားဟာ လေးမျက်နှာမြို့နယ်၊ လက်သမားကျေးရွာအနီး မိုင်တိုင်အမှတ် (၆) မိုင် (၃)ဖာလုံ နဲ့ (၆) မိုင် (၄) ဖာလုံအကြား တည်ရှိတဲ့ ကွန်ကရစ်ရေနုတ်ပြွန်တံတားဖြစ်တယ်လို့ သိရပါတယ်။

” ရေတွေကတအားတိုးတော့ ရေတိုက်စားပြီး ပြိုသွားတာ။ မနက် ၇ နာရီလောက်က။ ရေစီးကလည်းတအားသန်တယ်။ ကယ်ဆယ်ရေးတွေလုပ်တဲ့နေရာမှာလည်း အခက်အခဲတွေကအများကြီးရှိတယ်။ အဓိကလှေတွေ မလုံလောက်တာ။ မလောက်တော့ လူတွေအများကြီးကိုမကယ်ထုတ်နိုင်ဘူး။ ရှိတဲ့အင်အားလေးနဲ့အဆင်ပြေအောင်လုပ်နေရတာ။ ရေကတော်တော်နဲ့ပြန်ကျဖို့မလွယ်ဘူး။ ရေစီးတအားသန်တော့ ကြောက်ရတယ်” လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ ရေတွေက ကြိုးကြာကွင်းကျေးရွာအုပ်စုနဲ့ ထိန်တောကြီးကျေးရွာအုပ်စုဘက်ရှိ လယ်မြေတွေထဲကို စီးဝင်နေတယ်လို့ သိရပါတယ်။

လတ်တလောမှာ ငဝန်ရေကာတာ ကျိုးပေါက်တဲ့ အရှိန်ကြောင့် လေးမျက်နှာမြို့နယ်က အိုင်သပြုမြို့နဲ့ ဆက်စပ်နေတဲ့ ငါးသိုင်းချောင်းမြို့အပြင် ကျုံပျော်မြို့နယ် ဘက်ကကျေးရွာတွေဆီပါရေဝင်ရောက်မှုတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြစ်ရေဝင်ရောက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀) ခုရှိ အိမ်ခြေ (၁,၇၃၄) လုံး၊ အိမ်ထောင်စု (၁,၇၆၄) စုမှ လူဦးရေ စုစုပေါင်း ၈,၃၀၀ ကျော် ရေဘေးသင့်ခဲ့ရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

သတင်း

ရေကာတာကျိုးပေါက်မှုကြောင့်ဖြစ်တဲ့ လေးမျက်နှာမြို့ရေဘေးမှာ ပိတ်မိနေသူတွေအများအပြားရှိနေပြီး ကယ်ဆယ်ရေးအင်အားလိုအပ်နေတယ်လို့ လူမှုကူညီ ရေးအဖွဲ့တွေက ပြောပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေလျှံပြီး ရေကာတာ‌ ပေ၅၀ခန့် ကျိုးသွားလို့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ လေးမျက်နာမြို့မှာ ငဝန်မြစ် ရေကာတာကျိုးလို့ ရပ်ကွက်နဲ့ကျေးရွာ ၆ ခုထက်မနည်း အရေးပေါ်ရွေ့ပြောင်းနေရပါတယ်။