Connect with us

Hi, what are you looking for?

News

စစ်ကောင်စီလေကြောင်းကနေတိုက်ခိုက်တဲ့မြို့နယ် ၁၈ မြို့နယ်ထိရှိလာ

စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တဲ့မြို့နယ်တွေထဲမှာတော့ စစ်ကိုင်းတိုင်းက မြို့နယ်တွေအများဆုံးပါတာတွေ့ရပါတယ်။

Photo - Aung Myo Min FB

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်တာကြောင့် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့ မြို့အရေအတွက်ဟာ ဒီဇင်ဘာလ ၂၂ ရက်အထိ ၁၈ မြို့နယ် ရှိတယ်လို့ သိရပါတယ်။

ဒီစာရင်းကို NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက သူ့ရဲ့ ဖေ့ဘွတ်ခ်မှာ တင်ထားတာဖြစ်ပြီး အရပ်သားတွေအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေမရှိဖို့ မပျံသန်းရဇုန် သတ်မှတ်နိုင်ရေး ဝိုင်းဝန်းလုပ်ဆောင်ကြဖို့တိုက်တွန်းထားတာတွေ့ရပါတယ်။

စစ်ကောင်စီလေကြောင်းကနေ တိုက်ခိုက်တဲ့မြို့နယ်တွေထဲမှာတော့ စစ်ကိုင်းတိုင်းက မြို့နယ်တွေအများဆုံးပါတာတွေ့ရပါတယ်။

ဒါအပြင် ကချင်ပြည်နယ် ၊ ကယားပြည်နယ် ၊ ချင်းပြည်နယ်က မြို့နယ်တွေလည်းပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။