Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လူစည်ကားရာ ကမ်းခြေကို ယူကရိန်းဒရုန်း တိုက်ခိုက်လို့ ၇ ဦးသေဆုံးကြောင်း ရုရှားစွပ်စွဲ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဩဂုတ်လ ၃ ရက်နေ့က ဖြစ်စဉ်ကို ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုမှာတော့ လူအများ ရှိနေတဲ့ ကမ်းခြေတစ်ခုမှာ ဒရုန်းတစ်စီးက ထိုးစိုက်ဆင်းပြီး ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။

ခရက်စ်နိုဒေါ ပြည်နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေး ၃ ယောက် အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရသူ ၄၀ ထဲက ၁၇ ဦးကို ဆေးရုံ ပို့ဆောင်ခဲ့ရကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဗန်နီယာမင် ကွန်ဒရက်ညက်ဗ်က ပြောကြားခဲ့ပါတယ်။

နေ့အချိန် လင်းလင်းရှင်းရှင်း အနေအထားမှာ ဒါဟာ ယူကရိန်းက အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက် သတ်ဖြတ်ခဲ့တာလို့ ကွန်ဒရက်ညက်ဗ်က စွပ်စွဲခဲ့ပါတယ်။ ယူကရိန်းဖက်ကတော့ လောလောဆယ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement

Public Service Announcement

ရုရှားရော၊ ယူကရိန်းပါ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အရင်ကိစ္စတွေမှာ အသီးသီး ငြင်းဆိုထားပါတယ်။

အခုဖြစ်စဉ်မှာတော့ ယူကရိန်းရဲ့ ဖောက်ခွဲရေး ဒရုန်းဟာ ကမ်းခြေက ဘယ်ပစ်မှတ်ကို တိုက်ခိုက်ခဲ့သလဲဆိုတာ ကွဲကွဲပြားပြား မသိရသေးပါဘူး။ တချို့ ယူကရိန်း Telegram channelတွေကတော့ ဒရုန်းဟာ ပစ်မှတ်နေရာဆီ ပျံသန်းသွားတဲ့အချိန် jammerတွေနဲ့ ကြားဖြတ်နှောင့်ယှက် ခံရလို့ ပျက်ကျခဲ့တာသာ ဖြစ်တယ်လို့ အကြောင်းပြချက် ပေးထားပါတယ်။

မျက်မြင်တွေက ဒရုန်း ပေါက်ကွဲမသွားခင် သေနတ်သံတချို့ ကြားခဲ့ရကြောင်း ပြောပါတယ်။ ဒါကြောင့် ရုရှားရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေဟာ အဲဒီဒရုန်းကို ပစ်ချဖို့ အားထုတ်ခဲ့ကြောင်း ယုံကြည်ရပါတယ်။

အာခီပို-အော့စီပေါ့ဗ်ကာ ကျေးရွာနားမှာ တည်ရှိပြီး ပင်လယ်နက် ရေပြင်နဲ့ ထိစပ်နေတဲ့ ကမ်းခြေဟာ ဒေသတွင်းမှာ လူသိများတဲ့၊ လူစည်ကားတဲ့ အပန်းဖြေ ဇုန်တစ်ခုလည်း ဖြစ်ပါတယ်။ ဒရုန်းဟာ မျှော်လင့်မထားတဲ့ အခြေအနေကနေ ရောက်လာပြီး ပေါက်ကွဲသွားတဲ့ အချိန်မတိုင်ခင်ထိ အားလုံး ပုံမှန်အတိုင်း အေးအေးချမ်းချမ်း ရှိနေခဲ့ကြောင်း ကမ်းခြေကို လာရောက် လည်ပတ်သူတွေက ပြောပါတယ်။

ယူကရိန်းဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ရုရှားနိုင်ငံ ပိုင်နက်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်ပြီး စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ပစ်မှတ်တွေကို တာဝေးပစ် ဒရုန်းတွေနဲ့ တိုက်ခိုက် ဖျက်ဆီးတဲ့ ဗျူဟာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ပါတယ်။ ရံဖန်ရံခါမှာတော့ အဲဒီ နည်းလမ်းကြောင့် ရုရှားမှာ အရပ်သား သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

တစ်ဖက်မှာလည်း ရုရှားဟာ ယူကရိန်းရဲ့ မြို့ကြီးတွေ၊ လူနေဧရိယာတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်မှုကို အရှိန်မြှင့်လာနေပါတယ်။ ဩဂုတ် ၁ ရက်နေ့က ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်မှာ ရုရှားရဲ့ ပဲ့ထိန်းဒုံးကျည် ထိမှန်မှုကြောင့် ၉ ဦးသေပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။