Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာရေဘေး ကယ်ဆယ်ရေးသွားတဲ့ ကားတစ်စီးတိမ်းမှောက် ၈ဦး ထိခိုက်

လေးမျက်နှာမြို့နယ်ရေဘေးကို ကူညီကယ်ဆယ်ရေးလာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး ၈ ဦး ထိခိုက်မှုရှိခဲ့ပါတယ်။

(​ယာဥ်တိမ်း​​​မှောက်ပြီး​နောက်​​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

သြဂုတ်-၄​၊၂၀၂၆။မိထက်/People’s Spring

လေးမျက်နှာမြို့နယ်ရေဘေးကို ကူညီကယ်ဆယ်ရေးလာတဲ့ ကားတစ်စီး တိမ်းမှောက်ပြီး ၈ ဦး ထိခိုက်မှုရှိခဲ့ပါတယ်။

ဟင်္သာတ-ပုသိမ်လမ်းကနေ ခွဲထွက်ပြီး ရေဘေးသင့်ဒေသတွေကိုသွားလို့ရတဲ့ နိဗ္ဗာန်ရွာနဲ့ ခမောက်စုရွာကြားကားလမ်းမှာဩဂုတ်လ၄ရက် မနက်ပိုင်းက ကားတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

“အလှူရှင်ကားမှောက်တာ။၈ဦး ထိခိုက်တယ်။ လိုအပ်တာတွေ ကုသပေးနေတယ်လို့ လှမ်းပြောတယ်။ လမ်းကျကျဉ်းပြီးသိပ်မကောင်းလှဘူး”လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လေးမျက်နှာမြို့ကိုကာရံထားတဲ့ ငဝန်မြစ်ရေကာတာဟာ ဇူလိုင်လ ၃၀ရက်ညမှာကျိုးကျခဲ့ပြီး ဆိုးရွားတဲ့ရေဘေးကို ဒေသခံတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။ ရေဘေးကြုံနေတဲ့ဒေသခံတွေကို အနယ်နယ်အရပ်ရပ်ကအလှူရှင်တွေက ကား၊စက်လှေတွေသုံးပြီး လာရောက်လှူဒါန်းနေကြပါတယ်။

လက်ရှိမှာ လေးမျက်နှာမြို့နယ်အပြင် ဘေးပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အိုင်သပြု၊ ဟင်္သာတ၊ ရေကြည်၊ ကျုံကျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေမှာပါ ရေကြီးနစ်မြုပ်နေတာဖြစ်ပါတယ်။

“လေးမျက်နှာမှာ ရေထပ်တက်တယ်နော်။ နောက်ပြီး အောက်ဖက်မြို့နယ်တွေလည်း ရေတိုးနေတယ်။ စိုးရိမ်နေရတဲ့အခြေအနေမှာပဲရှိနေတာပါ”လို့ ရေကြည်မြို့ခံတဦးကပြောပါတယ်။

ရေစီးကြောင့် ဒေသတွင်းလမ်းပိုင်းတွေလည်းပျက်စီးမှုရှိနေပြီး ဩဂုတ်လ ၃ရက်နေ့မနက်ပိုင်းက လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားငယ်တစ်စင်း ရေတိုက်စားမှုကြောင့် ကျိုးကျခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငဝန်မြစ်ရေကာတာကျိုးကျလို့ လနဲချီပြီး ရေဘေးကြုံတွေ့နေတဲ့ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့မှာ နောက်ထပ်ရေကာတာ ၁ခု အိကျသွားလို့ သဲအိတ်တွေနဲ့အရေးပေါ်ပိတ်ဆို့နေရပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

လေးမျက်နှာမြို့နယ်မှာ ရေကာတာကျိုးပေါက်လို့ဖြစ်တဲ့ရေဘေးဟာ ဩဂုတ်ပထမလပတ်ထဲမှာ ရေအနည်းငယ်ပြန်ကျနေရာကနေ ယခုရက်ပိုင်း တကျော့ပြန် ရေမြင့်တက်လာပြီး အခြေအနေပိုဆိုးရွားလာပါတယ်။

သတင်း

လေးမျက်နှာရေဘေးမှာရေမြုပ်နေတဲ့အိမ်တွေကို ထမင်းထုပ်လိုက်ဝေတဲ့ဒေသခံလူငယ်တဦးရေစီးနဲ့ မျောပါသေဆုံးသွားပါတယ်။

သတင်း

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ လေးမျက်နှာ-ငါးသိုင်းချောင်းလမ်းပိုင်းဆက်သွယ်ထားတဲ့ တံတားတစ်စင်း ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်သူတွေက ပြောပါတယ်။