Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား မကြာခင် ပြန်ဖွင့်နိုင်ဖို့ အမေရိကန် မျှော်လင့်နေ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

အမေရိကန် အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က နာရီပိုင်းလောက်အတွင်း အီရန်နဲ့ သဘောတူညီမှု တစ်ခုခု ရရှိလာဖို့ မျှော်လင့်ချက် ရှိနေကြောင်း ဩဂုတ် ၄ ရက်နေ့က မှတ်ချက်ပေးခဲ့ပါတယ်။ နောက်ထပ် အမေရိကန် အရာရှိ တစ်ဦးကတော့ ဩဂုတ် ၅ ရက်နေ့လောက်မှာတင် သဘောတူညီမှုတစ်ခု ရလာနိုင်ဖို့ မျှော်လင့်နေကြောင်း ပြောပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား အစောပိုင်း ရယူခဲ့တဲ့ သဘောတူညီမှုအရ အီရန်ဟာ နိုင်ငံတောင်ပိုင်း ကမ်းလွန်မှာ တည်ရှိပြီး နိုင်ငံတကာ စွမ်းအင်တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ ပြန်စလာတဲ့နောက် အီရန်က ဟောမုဇ်ကို ပြန်ပိတ်ခဲ့သလို ဖြတ်သန်းသွားလာတဲ့ အရပ်ဖက် ရေယာဉ်တွေကိုလည်း ပစ်ခတ်ခဲ့ပါတယ်။

မကြာသေးခင်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူဟာ အီရန်ကို အလုံးအရင်းနဲ့ တိုက်ခိုက်မှုတွေ ပြန်စမယ့် အစီအစဉ်ကို နှစ်ဖက် သဘောတူညီမှု တစ်ခုခု ရရှိလာနိုင်တဲ့ အလားအလာကြောင့် ရွှေ့ဆိုင်းလိုက်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အီရန် အတွက်တော့ အဲဒီ သဘောတူညီမှုဟာ အကြီးအကျယ် ထိခိုက်မှုတွေကို ရှောင်လွှဲနိုင်မယ့် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်လိမ့်မယ်လို့ ထရမ့်က သတိပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဟောမုဇ်ရေလက်ကြား ပြန်ဖွင့်နိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းကြောင့် နိုင်ငံတကာ ရေနံစျေးက ကျရိပ်ပြန်ပြလာခဲ့ပါတယ်။ ဟောမုဇ်ဟာ ကမ္ဘာတလွှားကို တင်ပို့ရောင်းချတဲ့ ရေနံနဲ့ ဓာတ်ငွေ့ စုစုပေါင်းရဲ့ ငါးပုံတစ်ပုံလောက် ဖြတ်သန်းနေကျ ရေလမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။

ထရမ့်က အီရန်နဲ့ ဆွေးနွေးမှုတွေ ပြန်စနေကြောင်း အခုသီတင်းပတ် အစောပိုင်းမှာ ပြောကြားခဲ့ပေမယ့် အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ နောက်ကွယ်မှာ ဘာဆွေးနွေးမှုမှ ရှိမနေဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။

ဩဂုတ် ၄ ရက်နေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုကလည်း သူဟာ ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်၊ အိုမန်တို့နဲ့ ညှိနှိုင်းနေကြောင်း ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြားမှာ ဝင်ရောက် ညှိနှိုင်းပေးနေတဲ့ ကာတာ အစိုးရကတော့ သံတမန်ရေး ဆွေးနွေးမှုတွေ ဆက်လက် တည်ရှိနေပေမယ့် အီရန်နဲ့ အမေရိကန် တိုက်ရိုက် ဆွေးနွေးဖို့တော့ စီစဉ်မထားသေးကြောင်း အတည်ပြုခဲ့ပါတယ်။ လက်ရှိ ဆွေးနွေးမှုတွေရဲ့ အဓိက ရည်ရွယ်ချက်ဟာ တင်းမာမှုတွေကို လျှော့ချဖို့သာ ဖြစ်တယ်လို့ ကာတာဖက်က ထုတ်ပြန်ထားပါတယ်။

ထရမ့်က အီရန်ခေါင်းဆောင်တွေဟာ ဆွေးနွေးဖို့ ကိုယ်တိုင် တောင်းဆိုခဲ့ပြီးမှ ဆွေးနွေးမှု မရှိပါဘူးလို့ ငြင်းဆန်နေတာဟာ ကောက်ကျစ်တဲ့ လှည့်စားမှုမျိုးလို့ စွပ်စွဲခဲ့ပါတယ်။ သူက ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်နိုင်ခဲ့ရင်တောင်မှ တိကျတဲ့ သဘောတူညီမှုတစ်ခုခု မရမချင်း အီရန် ဆိပ်ကမ်းတွေကို အမေရိကန် ရေတပ်က ပိတ်ဆို့ထားမှုကို ဖယ်ရှားပေးမှာ မဟုတ်ကြောင်းလည်း သတိပေးထားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒိန်းမတ်ပိုင် ဂရင်းလန်ကျွန်းရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ဒိန်းမတ် အစိုးရတို့ကြား ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ပြီလို့ အသီးသီး ကြေညာခဲ့ပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။