Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက်နားမှာစာသင်ကျောင်း ပစ်ခတ်မှုဖြစ်ပွား၊ ဒဏ်ရာရသူတွေရှိ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်

သြဂုတ်-၇၊၂၀၂၆။People’s Spring

ထိုင်းက စာသင်ကျောင်း တစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး ကနဦး ရရှိထားတဲ့ သတင်းတွေအရ ဒဏ်ရာရသူ ၄ ဦး၊ ၅ ဦးလောက် ရှိကြောင်း သိရပါတယ်။

ဘန်ကောက် မြို့တော်နားက ဘန်ခရူရိုင် ခရိုင်နားမှာရှိတဲ့ ဒက်ဘ်ဆီရင် နွန်သာဘူရီ စာသင်ကျောင်းမှာ ဩဂုတ် ၇ ရက် မနက်ပိုင်းတုန်းက ကျောင်းသားတစ်ဦးက ပစ်ခတ်မှု ကျူးလွန်ခဲ့တာလို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

နွန်သာဘူရီဟာ ဘန်​ကောက်မြို့လယ်နဲ့ ၁၀ မိုင်​ကျော်ပဲ ကွာ​ဝေးပါတယ်။ဘန်​ကောက်မြို့ကို အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ​ရောက်ပြီး ဒုတိယ​နေ့ မှာ​ကျောင်အတွင်းပစ်ခတ်မှုဖြစ်ပွားတာပါ။

Public Service Announcement

Public Service Announcement

ထိခိုက်ဒဏ်ရာရမှု ကိန်းဂဏန်း အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘဲ တရုတ်ရဲ့ ရှင်ဟွာ သတင်းဌာနကတော့ ဒဏ်ရာရသူ ၁၅ ဦးလောက်ထိ များပြားနိုင်တယ်လို့ ဆိုပါတယ်။ လူမှုကွန်ရက်တွေမှာတော့ ကျောင်းဆီကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရောက်လာတာ၊ လူနာတင်ယာဉ်ပေါ် ဒဏ်ရာရထားသူတွေကို တင်နေတာမျိုး ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ပျံ့နှံ့လာပါတယ်။

ရဲတွေကတော့ စာသင်ကျောင်းထဲကို ဝင်ရောက်ရှင်းလင်းနေပြီး စစ်ဆင်ရေး လုပ်ဆောင်နေတာကို တိုက်ရိုက် ရိုက်ကူး ထုတ်လွှင့်တာတွေ မလုပ်ကြဖို့ လူထုကို မေတ္တာရပ်ခံထားပါတယ်။

ပစ်ခတ်မှု ကျူးလွန်တဲ့ ကျောင်းသား ဘယ်သူဘယ်ဝါဆိုတာနဲ့ ကျူးလွန်ရတဲ့ အကြောင်းရင်း၊ ပြီးတော့ ထိခိုက်ခဲ့သူတွေရဲ့ ဒဏ်ရာ ပြင်းထန်မှု အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ထိုင်းသတင်းဌာနအချို့က ​သေနတ်နဲ့ပစ်ခတ်တဲ့​ကျောင်းသားဟာ ​သေဆုံးသွားပြီလို့​ဖော်ပြပါတယ် ။

ပစ်ခတ်မှု​ကြောင့် အနည်းဆုံးထိုင်း​ကျောင်းသား ၂ ဦး​သေဆုံးသွားပြီလို့ ဘန်​ကောက်ပိုစ်သတင်းဌာနက​ဖော်ပြပါတယ် ။

လက်ရှိ အချိန်ထိတော့ သေနတ်သမားကို ဖမ်းမမိသေးသလို ကျောင်းနားတဝိုက် သွားလာတာတွေကို ရှောင်ကြဉ်ကြဖို့လည်း ရဲတွေက နှိုးဆော်ထားပါတယ်။

ကိုးကား: Khaosod

ဓာတ်ပုံ – Thai Enquirer

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

နိုင်ငံတကာ

မိုးပျံရထားလမ်း တစ်နေရာမှာ မီးလောင်မှု ဖြစ်ပွားရာက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ပြေးဆွဲနေတဲ့ MRT ရထားခရီးစဉ် တချို့ကို ဆိုင်းငံ့ခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်