Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျောင်းတွင်းပစ်ခတ်မှု အလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ်ဖြစ်ရပ်လို့ အနုတင်​ပြော

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

သြဂုတ်-၇၊၂၀၂၆။People’s Spring

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

ဒါ့အပြင် ဒဏ်ရာရရှိသူ​တွေကို အရေးပေါ်အကူအညီ​တွေ အမြန်ဆုံးပေးအပ်ဖို့ သက်ဆိုင်ရာအာဏာပိုင်​တွေကို ညွှန်ကြားထားတယ်လို့ သတင်း​ထောက်​တွေကို ​ပြောပါတယ် ။

ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၅ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ The Reporter သတင်းဌာနက ​နေ့ခင်း ၁၂ နာရီခန့်ကအချက်အလက်ကို ကိုးကားပြီး​ဖော်ပြပါတယ် ။ Khaosod သတင်းဌာနက​​တော့ ​သေဆုံးသူ ၇ ဦးထိတိုးလာပြီလို့​ဖော်ပြပါတယ် ။

Public Service Announcement

Public Service Announcement

ဒီက​​နေ့ မနက်ပိုင်းက နွန်သာဘူရီစာသင်ကျောင်းမှာဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာသေနတ်သမားဟာ Grade 8 ကျောင်းသား တစ်ဦးဖြစ်ပြီးကျောင်းအဆောက်အအုံထဲမှာပုန်းအောင်းနေတာကြောင့် ရဲတွေက အဲဒီနေရာကို ပိတ်ဆို့ပြီး ရှာဖွေခဲ့ရပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သေနတ်သမားဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ယူဆရတယ်လို့​ထိုင်းသတင်းဌာနအချို့က​ဖော်ပြပါတယ် ။

သေနတ်သမား ကျောင်းသားရဲ့ သေနတ်ဒဏ်ရာနဲ့ အလောင်းကိုတော့ သူ့ကိုယ်သူ ပိတ်ဆို့ထားတဲ့ အခန်းထဲမှာပဲ ရဲတွေက ရှာတွေ့ခဲ့ပါတယ်။ ပစ်ခတ်မှုမှာ အသုံးပြုခဲ့တယ်လို့ ယူဆရတဲ့ ပစ္စတို သေနတ်ရဲ့ ဓာတ်ပုံကလည်း လူမှုကွန်ရက်တွေပေါ် ထွက်ပေါ်လာပါတယ်။

ဒဏ်ရာရသူ ၁၅ ဦးထဲမှာလည်း အနည်းဆုံး ၁ ဦးရဲ့ အခြေအနေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း​ခေါင်း​ဆောင် မင်း​အောင်လှိုင် ဘန်​ကောက်မြို့ကို​ရောက်ရှိ​နေချိန်နဲ့ ဘန်​ကောက်မြို့အစွန်က​ကျောင်းမှာပစ်ခတ်မှုဖြစ်ပွားတာကတိုက်ဆိုင်​နေပါတယ်။ထိုင်းဝန်ကြီးချုပ် အနုတင်ဟာ ယမန်​နေ့က မင်း​အောင်လှိုင်ကို ​ကော်​​​ဇောနီခင်းကြိုဆိုခဲ့ပြီး နှစ်နိုင်ပူးတွဲ​ဆွေး​နွေးပွဲ​တွေ ၊စီးပွား​ရေးဖိုရမ်​တွေနဲ့ တစ်​နေကုန်အလုပ်များ​နေခဲ့တာဖြစ်ပါတယ်။ဒီ​နေ့မှာ​တော့ ​ဘန်​ကောက်မြို့နားက​ကျောင်းတွင်းပစ်ခတ်မှု​ကြောင့် အနုတင်အစိုးရရဲ့လက်နက်ထိန်းချုပ်မှုအ​ပေါ် ​မေးခွန်းထုတ်မှု​တွေပိုများလာပြီး ဖိအားများလာပြီဖြစ်ပါတယ် ။

ကိုးကား- Reporter ၊Khaosod

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်