Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးအထိမ်းအမှတ်ချီတက်ဆန္ဒပြခဲ့တဲ့ ဖားကန့်မှော်လှည့်သပိတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဖားကန့်မှော်လှည့်သပိတ်

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ (၃၈)နှစ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြပွဲကို ဖားကန့်မှော်လှည့်သပိတ်က ဒီကနေ့ (သြဂုတ် ၈) မနက်က ပြုလုပ်ခဲ့ပါတယ်။

“၈၈ မှာ သွေးချောင်းစီးခဲ့တာတွေ ဒီနွေဦးမှာ အဆုံးသတ်မယ်”၊ “တော်လှန်ရေးသူပုန်ဆိုတာ အနာဂါတ်ရဲ့ အစိုးရပဲ”၊ “ပြည်သူတွေရဲ့အသံကို တို့အစိုးရ နားထောင်ပေးဦး” စတဲ့ စာသားတွေ ကိုင်ဆောင်ခဲ့ကြပြီး စစ်အာဏာရှင်ကို ပြည်သူလူထုက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ ရှစ်လေးလုံး အမှတ်သင်္ကေတကို ပုံဖော်ခဲ့ပါတယ်။

အလားတူ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ပုံကိုလည်း ခြေနဲ့နင်းပြီး ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ကြောင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွတ်ပေးဖို့ကိုလည်း ဖားကန့်မှော်လှည့်သပိတ်အဖွဲ့က တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။