ဩဂုတ်-၈၊၂၀၂၆။သတိုး/People’s Spring
(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ကျောင်းသားလူထုဟောပြောပွဲကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC)က ဦးဆောင်ပြီး ကလေးမြို့ပြင်ပတစ်နေရာမှာ ဒီကနေ့(ဩဂုတ်၈) ပြုလုပ်ခဲ့ပါတယ်။
အဲဒီဟောပြောပွဲကို ကလေးမြို့ဒေသအတွင်းမှာရှိတဲ့ စစ်တပ်နဲ့ ပူးပေါင်းခြင်းမရှိတဲ့ ရပ်ရွာဦးဆောင်သူတွေ ၊ ကလေးမြို့နယ် အရေးပေါ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတွေ ၊ ကျောင်းသား/သူတွေနဲ့ မိဘပြည်သူ အင်အားရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။
ပွဲကို တက်ရောက်လာသူတွေက ရှစ်လေးလုံးအရေးတော်ပုံမှာ ပေးဆပ်ခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ တွေနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ဘဝ၊ အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ တော်လှန်ရေး သူရဲကောင်းတွေကို ရည်စူးပြီးအလေးပြု ဂုဏ်ပြုခဲ့ကြပါတယ်။

Public Service Announcement
ဒါ့အပြင် ကလေးမြို့မှာ တော်လှန်လူငယ်အချို့က ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ထီးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။


















































