Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ် ကျောင်းသားလူထု ဟောပြောပွဲ KPSSC ဦးဆောင်ပြုလုပ်

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ကျောင်းသားလူထုဟောပြောပွဲကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC)က ဦးဆောင်ပြီး ကလေးမြို့ပြင်ပတစ်နေရာမှာ ဒီကနေ့(ဩဂုတ်၈) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - KPSSC

ဩဂုတ်-၈၊၂၀၂၆။သတိုး/People’s Spring

(၃၈)နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံကို အောက်မေ့သတိရခြင်း အထိမ်းအမှတ်အဖြစ် ကျောင်းသားလူထုဟောပြောပွဲကို ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီ (KPSSC)က ဦးဆောင်ပြီး ကလေးမြို့ပြင်ပတစ်နေရာမှာ ဒီကနေ့(ဩဂုတ်၈) ပြုလုပ်ခဲ့ပါတယ်။

အဲဒီဟောပြောပွဲကို ကလေးမြို့ဒေသအတွင်းမှာရှိတဲ့ စစ်တပ်နဲ့ ပူးပေါင်းခြင်းမရှိတဲ့ ရပ်ရွာဦးဆောင်သူ‌တွေ ၊ ကလေးမြို့နယ် အရေးပေါ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ‌တွေ ၊ ကျောင်းသား/သူတွေနဲ့ မိဘပြည်သူ အင်အားရာနဲ့ချီ တက်ရောက်ခဲ့ကြပါတယ်။

ပွဲကို တက်ရောက်လာသူတွေက ရှစ်လေးလုံးအရေးတော်ပုံမှာ ပေးဆပ်ခဲ့တဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ တွေနဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ ဘဝ၊ အသက်၊ သွေး၊ ချွေး ပေးဆပ်စွန့်လွှတ်ခဲ့ကြတဲ့ တော်လှန်ရေး သူရဲကောင်းတွေကို ရည်စူးပြီးအလေးပြု ဂုဏ်ပြုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ကလေးမြို့မှာ တော်လှန်လူငယ်အချို့က ရှစ်လေးလုံးအထိမ်းအမှတ်အဖြစ် ထီးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။