Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မှာ​ရေထဲ​မျောပါသွားတယ်ဆိုတဲ့ကလေးငယ် ရေထဲပါမသွားဘဲ အသက်ရှင်လျက်ပြန်​တွေ့

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ

ဩဂုတ်၈၊၂၀၂၆၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်၊ရွှေလှံရွာကရေထဲပါပျောက်ဆုံးနေတယ်ဆိုတဲ့ကလေးငယ်ဟာ ရေထဲ​မျောပါသွားတာမဟုတ်ဘဲ မိဘနဲ့ကွဲသွားတာဖြစ်ပြီး ပြန်​တွေ့ပြီလို့ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)တာဝန်ရှိသူက ပြောပါတယ်။

ဩဂုတ်လ ၇ ရက်မနက်ပိုင်းက အသက်၂နှစ်အရွယ်ကလေးငယ်နဲ့အမျိုးသားတဦးပျောက်ဆုံးခဲ့တာလို့ ​ဒေသခံ​တွေက​ပြောတာပါ။ဒါ​ပေမယ့် လူကြီးတဦထဲ ​ရေ​ထဲ​​မျောပါခဲ့တာဖြစ်ပြီးက​လေးငယ်ဟာ ​ရေထဲ​ပါမသွားခဲ့ပါဘူး။

“ကလေးက ပြန်တွေ့ပါပြီဗျ။ဒီနေ့တွေ့တာပါ။တကယ်တန်းကလေးက ရေနောက်ပါသွားတာမဟုတ်ပါဘူး။ဖုန်းလိုင်းအဆက်အသွယ်မရပြီး ထင်ကြေးနဲ့ တင်လိုက်ကြတာ။က လေးဘာမှ မဖြစ်ပါဘူး။မနေ့က အမျိုးသားတယောက်ပဲပါသွားတာပါ”လို့ မြို့နယ်ပလဖ အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သြဂုတ် ၈ ရက်ညနေပိုင်း တန့်ဆည်မြို့နယ်မှာ ရေပြန်ငြိမ်သွားပေမယ့် ဆည်တွေက ရေလွှတ်နေဆဲဖြစ်သလို ညပိုင်းကစပြီးမိုးကဆက်တိုက်ပြန်ရွာ နေတာကြောင့် ​​ရေထပ်ကြီးမှာကို​ဒေသခံ​တွေ စိုးရိမ် နေကြပါတယ်။

ဒေသခံတွေဟာ သောက်သုံးရေ အရေး ပေါ်လိုအပ်နေတယ်လို့ ပလဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

“လော လောဆယ် ရေသောက်စရာအခက်ခဲ တွေဖြစ်တယ်။ပြီးတော့ ဓာတ်ဆားထုပ်တွေနဲ့ အခုညကိုစားစရာတွေပေါ့။အဲတာတွေလောလောဆယ်လိုအပ် နေတယ်။ကျွန်တော်တို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ တွေလည်း အပြည့်အစုံမဟုတ် တောင် ပံ့ပိုးနေပါတယ်။သောက် ရေက တော်တော် လေးကို အခက်အခဲဖြစ်နေတာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ကျွန်းလှမြို့နယ်သဖန်းဆိပ်ဆည်က ရေလွှတ်​နေတာ ကြောင့်တန့်ဆည်မြို့နယ်မှာ ကျေးရွာ၁၅ရွာခန့် ရေဝင် နေပြီး ပြည်သူတွေ သောက်သုံး ရေနဲ့ စားနပ်ရိက္ခာ တွေလိုအပ် နေတာဖြစ်ပါတယ်။

သဖန်းဆိပ်ဆည်ကို ​တော်လှန်​ရေးတပ်တွေက ၂၀၂၅ နိုဝင်ဘာလ​မှစပြီးထိန်းချုပ်နိုင်ခဲ့​ပေမယ့် ၂၀၂၆ နှစ်ဆန်းမှာစစ်တပ်က တန်ပြန်ထိုးစစ်ဆင်ပြီး မတ်လကုန်မှာစစ်တပ်ကပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါ​ကြောင့် လက်ရှိသဖန်းဆိပ်ဆည်ကို စစ်အုပ်စုကပြန်ထိန်းချုပ်ထားတာဖြစ်ပြီး စစ်အုပ်စုအစီအစဥ်နဲ့ရေလွှတ်​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံက ရေကြီးမှုဒဏ် ခံနေရတဲ့ ပြည်နယ်တွေဆီ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ ပါဝင်ဖို့ စစ်သည် ၁၀၀၀၀ ကျော် ဖြန့်ကျက် စေလွှတ်ထားကြောင်း သိရပါတယ်။

နိုင်ငံတကာ

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

Facebook