Connect with us

Hi, what are you looking for?

သတင်း

နယူးယောက် Time Square ရင်ပြင်မှာ ရှစ်လေးလုံး လှုပ်ရှားမှုပြုလုပ်

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Terry Win

သြဂုတ် ၈၊၂၀၂၆။သုည/People’s Spring

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

NYCBC က ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုနေတင်မြင့်က “သမိုင်းမမေ့တဲ့ ရှစ်​လေးလုံး စိတ်ဓာတ်နဲ့ နွေဦးတော်လှန်ရေး အောင်ပွဲဆီကို ဆင်လက်ချီတက်ကြရပါမယ်။ မျိုးဆက်တွေ ပြောင်းသွားပေမယ့် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မယ့် စိတ်ဓာတ်ကတော့ ဘယ်တော့မှ မပြောင်းလဲပါဘူး” လို့ ရှစ်လေးလုံး အမှတ်တရစကား ပြောပါတယ်။

ဒါ့အပြင် Gen Z လူငယ်တွေ၊ ပြည်ပရောက် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ရှစ်လေးလုံး စိတ်ဓာတ်အကြောင်းနဲ့ အောက်မေ့ဖွယ် အကြောင်းအရာတွေကို ပြောကြားခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

အဝေးရောက် မြန်မာလူငယ်တွေကလည်း ရှစ်လေးလုံးအမှတ်တရ အောက်မေ့ဖွယ် သရုပ်ဖော်အစီအစဉ်ကို တင်ဆက်ခဲ့ကြပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို သံပြိုင်ဟစ်ကြွေးကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဒီဆောင်းပါးကို မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အချိန်အတော်ကြာ ရေးသားလာတဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူနှင့် စာရေးဆရာတစ်ဦးဖြစ်ပြီး လက်ရှိ Fortify Rights မှာ Senior Director အဖြစ် တာဝန်ယူနေတဲ့ ဘန်နီဒစ် ရော်ဂျာစ် (Benedict Rogers) က ရေးသားထားတာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအတွက်...