Connect with us

Hi, what are you looking for?

သတင်း

ရေဘေးကြုံတွေ့နေတဲ့ ခင်ဦးမြို့နယ်က ကျေးရွာတွေ အကူအညီလိုအပ်နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

(ခင်ဦးမြို့နယ်အတွင်း ရေကြီးနေသော ကျေးရွာများအား တွေ့ရစဥ်။ ဓါတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သြဂုတ်-၉၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ခင်ဦးမြို့နယ်က တာတိုင်၊ ဇီးတော၊ လက်ပံကွက်၊ သက်ပေး၊ မူးသာ၊ ရွာသစ်၊ သက်သာပန်းတောင်း(ကားဆိပ်)၊ အင်တိုင်း(တောင်/မြောက်) သရက်ပင်စု၊ ရွာသစ်ကုန်း၊ အင်းပတ်၊ အောင်ချမ်းသာ၊ မကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊ ကျွန်းတောလေး(ဥယျာဉ်)၊ ကျွန်းဝောာကြီး၊ သာဝတ္ထိစတဲ့ ကျေးရွာ (၁၈)ရွာမှာ ရေကြီးနေပြီး ဒေသခံ ထောင်နဲ့ချီဟာ ဘေးလွတ်ရာကို ၃ရက်မြောက်တိမ်းရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေဟာ နေစရာ အခက်အခဲ‌ဖြစ်ပေါ်ကာ ဖျားနာမှုတွေ ရှိနေကြောင်း၊ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေကြောင်း ယင်းအဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မြေပြင်မှာတော့ စားဝတ်နေရေးနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ရှိနေတယ် ပြောပါတယ်”ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ခင်ဦးမြို့နယ်က ရေဘေးသင့်ပြည်သူတွေကို ထောက်ပံ့လိုပါက ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

လက်ရှိ ခင်ဦးမြို့နယ် တနယ်လုံး မနေ့ညကစပြီး ဒီကနေ့ ဩဂုတ် ၉ရက် နေ့ခင်းအထိ မိုးသည်းထန်စွာ ရွာနေတယ်လို့ သိရပါတယ်။ မိုးရွာသွန်းမှုကြောင့် ခင်ဦးနယ်အနောက်ခြမ်း မူးတိမ်ချောင်းလည်း ကျိုးကျကာ စပါးပျိုးခင်းတွေနဲ့ သီးနှံယာခင်းတွေ ရေမြုပ်နေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဒါ့အပြင် မူးမြစ်နဲ့ DY-1 မူးဘောင်အတွင်း ရေဝင်နေတဲ့ကျေးရွာတွေမှာလည်း မနေ့ နေ့လယ်ပိုင်းက ရေ၂လက်မခန့် လျော့ခဲ့ပေမယ့် မိုးသည်းစွာ ရွာသွန်းနေတာကြောင့် ရေမျက်နှာပြင် ပြန်တက်နေတယ်လို့ သိရပါတယ်။

၂၀၂၆ သြဂုတ် ၈ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီးလူဦးရေ ၂၂၄,၈၄၇ ခန့်ရေ ဘေးသင့်နေကြောင်း လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက မနေ့ညက ထုတ်ပြန် အသိပေးပါတယ်။

မိုးကြီးတာနဲ့ ဆည်ရေတွေ ဖော်ထုတ်တာတွေကြောင့် ရေကြီးရေလျှံကာ လူသေဆုံးမှုတွေ၊ အိမ်ခြေတွေ ပျက်စီးတာတွေနဲ့ အရေးပေါ်ရွှေ့ပြောင်းရတာတွေ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေလိုအပ်နေတယ်လို့ အထက်ပါဌာနက ထပ်မံ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တိုင်း ၄ တိုင်းမှာ ရေကြီးလို့ ပြည်သူ ၁၆ ဦးသေဆုံးပြီး လူဦးရေ လေးသိန်းကျော် ရေဘေးသင့်ကာ အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရေဘေးကြောင့် ပြည်သူ ၇ ဦးသေဆုံးပြီး ၂၅၀၀၀ ကျော်ဟာ ရေဘေးသင့်ကာ အကူအညီတွေ လိုအပ်နေကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲက ပြောပါတယ်။

သတင်း

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။