Connect with us

Hi, what are you looking for?

သတင်း

တနိုင်း ရှထူးဇွပ်ရွာအခြေစိုက် စစ်တပ် လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ကို KIA တိုက်ခိုက်

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှထူးဇွပ် ကျေးရွာအခြေစိုက် စစ်တပ် လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။

ဩဂုတ် ၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှထူးဇွပ် ကျေးရွာအခြေစိုက် စစ်တပ် လက်အောက်ခံ မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။

KIA စစ်ရေးသတင်းတွေကို ဖော်ပြနေသူတစ်ဦးက မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်တပ်စွဲရာကို KIA တပ်မဟာ(၂) က ဩဂုတ် ၈ရက် ညနေပိုင်းမှာ တိုက်ခိုက်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းဖော်ပြရေးသားချက်ကို ကချင်စစ်ရေးသတင်းရင်းမြစ်က ဖြစ်စဉ်မှန်ကန်တယ်လို့အတည်ပြုပါတယ်။

မင်းဇေသန့် ဦးဆောင်တဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ စံပြစစ်ဆင်ရေးလေ့ကျင့်ကွင်းနေရာကို KIA တပ်မဟာ(၂) တပ်ဖွဲ့တွေက ဒရုန်း တွေ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ရာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၅ဦး ပွဲချင်းပြီး သေဆုံးကာ ဒဏ်ရာရသူ ၁၀ ဦး ရှိတယ်လို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် တနိုင်းမြို့နယ် လပူခ ပယင်းမှော်ဘက်ကို စစ်ရေးလှုပ်ရှားလာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကို KIAကစောင့်ကြိုနေရာယူ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးများပြားခဲ့ပြီး တပ်ပြန်ဆုတ်သွားကြောင်း လည်း ဖော်ပြထားပါတယ်။

တိုက်ပွဲဖြစ်စဉ်နဲ့အတူ တိုက်ပွဲရုပ်သံနဲ့ သေဆုံးစစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အလောင်းအချို့ကိုလည်း ဖော်ပြထားပါတယ်။ အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တနိုင်းဒေသခံ အချို့နဲ့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံတို့ထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၄) နယ်မြေ တနိုင်းဒေသမှာ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်နဲ့ KIA တို့အကြား အရင်ကလည်း အပြန်အလှန် စခန်းသိမ်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။

KIAနဲ့ စစ်တပ်တို့ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်မှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စွဲရာနေရာအချို့ကို KIA ဘက်က သိမ်းရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ လက်လွှတ်ခဲ့ရတဲ့ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က ဇန်နဝါရီ ၂၇ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။

သတင်း

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်ရင်း စခန်းတစ်ခုကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်​ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လိုင်ဇာနှင့်အနီးသို့ စစ်ရေးလှုပ်ရှားလာခြင်းမှာ နန်ဆန်ယာန်ဒေသနှင့် ဗန်းမော် - မြစ်ကြီးနားလမ်းကို ထိန်းချုပ်လို၍ ဖြစ်နိုင်သည်ဟု ကချင်သတင်းရင်းမြစ်က သုံးသပ်သည်။