Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမြောက်ပိုင်းမှာ ရေကြီးမှု၊ မိုးခေါင်မှုတွေကို တုံ့ပြန်မယ့် ကွပ်ကဲရေးစင်တာတွေ ဖွင့်ဖို့ အစိုးရ ညွှန်ကြား

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုနဲ့ မိုးခေါင်မှုတွေ ကြုံတွေ့လာတဲ့အခါ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ရေးအတွက် ၂၄ နာရီ လည်ပတ်မယ့် ကွပ်ကဲရေး စင်တာတွေ ဖွင့်လှစ်ဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

ဓာတ်ပုံ - Reuters/File

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ရေကြီးမှုနဲ့ မိုးခေါင်မှုတွေ ကြုံတွေ့လာတဲ့အခါ ထိထိရောက်ရောက် တုံ့ပြန် ကိုင်တွယ်နိုင်ရေးအတွက် ၂၄ နာရီ လည်ပတ်မယ့် ကွပ်ကဲရေး စင်တာတွေ ဖွင့်လှစ်ဖို့ ထိုင်းအစိုးရက ညွှန်ကြားလိုက်ပါတယ်။

သဘာဝ ဘေးအန္တရာယ်ဒဏ် ကြုံရနိုင်ခြေ အမြင့်ဆုံး ဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေကို အကူအညီ ပေးနိုင်ဖို့အတွက် အရေးပေါ် အခြေအနေဆိုင်ရာ ရန်ပုံငွေတွေကိုပါ အသုံးပြုဖို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကို အစိုးရက လမ်းညွှန်ထားပါတယ်။

နိုင်ငံမြောက်ပိုင်းက ရေကြီးမှုနဲ့ မိုးခေါင်မှု ပြဿနာတွေကို တန်ပြန် ကွပ်ကဲမယ့် ကော်မတီကို ဦးဆောင်နေသူ ဒုတိယ ဝန်ကြီးချုပ်နဲ့ အဆင့်မြင့် ပညာရေး၊ သိပ္ပံ၊ သုတေသနနဲ့ ထိုးထွင်းတီထွင်မှု ဝန်ကြီး ယော့ဒ်ချာနန် ဝန်ဆာဝတ်က အခုလိုမျိုး ၂၄ နာရီ ကွပ်ကဲရေး စင်တာတွေ ဖွင့်လှစ်ဖို့ အမိန့်ပေးခဲ့ကြောင်း ထိုင်းအစိုးရရဲ့ လက်ထောက် ပြောရေးဆိုခွင့်ရ အမျိုးသမီး ဖတ်ဒါရက်စ်မီ သောင်ဆာလေကောင်က ပြောကြားသွားပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရာသီဥတု အခြေအနေတွေက ခန့်မှန်းရ ခက်ခဲလာတာ၊ တောင်ကျရေတွေ ရုတ်တရက် စီးဆင်းမှုနဲ့ ရေလွှမ်းမိုးမှု အန္တရာယ်တွေအတွက် စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ အစိုးရက အခုလို ကြိုတင် ပြင်ဆင်မှုမျိုးအတွက် စီစဉ်စေခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းအစိုးရ ညွှန်ကြားချက်ထဲမှာတော့ ဒေသအလိုက် ကွပ်ကဲရေး စင်တာတွေမှာ လိုအပ်တဲ့ ဝန်ထမ်းတွေ၊ စက်ကိရိယာတွေ၊ ရေစုပ်စက်တွေနဲ့ တခြား ပစ္စည်းတွေ စုံစုံလင်လင် ဖြည့်တင်းထားဖို့၊ ၂၄ နာရီပတ်လုံး အချိန်မရွေး အသင့်ဖြစ်နေအောင် စီမံထားဖို့ ဆိုတာတွေ ပါရှိပါတယ်။

တကယ်လို့ သတ်မှတ် ဇုန်နယ်မြေ တစ်ခုခုဟာ ရေကြီးမှုနဲ့ မိုးခေါင်မှုအတွက် အန္တရာယ်များတဲ့ နေရာလို့ ယူဆရင် ထိခိုက် ဆုံးရှုံးမှုတွေကို ကြိုတင် လျှော့ချဖို့အတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အစိုးရရဲ့ အရင်းအမြစ်တွေကို ယူငင် သုံးစွဲခွင့် ရလာမယ်လို့ ဆိုပါတယ်။

လိုအပ်လာလို့ ကြိုတင်ရွှေ့ပြောင်းမှုနဲ့ ကယ်ဆယ်ရေးတွေ ဆောင်ရွက်ရတဲ့ အခါမှာလည်း သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေကို ဦးစားပေးဖို့ဆိုတဲ့ စည်းမျဉ်းနဲ့ မူဝါဒတွေကိုလည်း အစိုးရက လမ်းညွှန်ထားပါတယ်။

ရေကြီးမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ အခင်းဖြစ်ရာ နယ်မြေတွေကို အာဏာပိုင်တွေက စေ့စေ့စပ်စပ် စစ်ဆေးဖို့၊ နစ်နာကြေးနဲ့ ပြန်လည်ထူထောင်မှု ထောက်ပံ့ကြေး ပေးချေမှုတွေ လျင်မြန်ချောမွေ့စေဖို့၊ ပုံမှန်အခြေအနေ အမြန်ဆုံး ပြန်ရောက်အောင် ကူညီဖို့ ဆိုတာတွေလည်း အစိုးရက ညွှန်ကြားထားပါတယ်။

မိုးခေါင်တဲ့ နေရာတွေမှာတော့ ရေရှည် အစီအမံတွေနဲ့ ချဉ်းကပ်ဖို့ ရည်ရွယ်ထားပြီး ရှိရင်းစွဲ ရေအရင်းအမြစ်တွေကို ပြန်လည် ဆန်းစစ်တာ၊ အပိုဆောင်းရေ သိုလှောင်နိုင်စွမ်းကို မြှင့်တင်တာ၊ နေအိမ်တစ်ခုချင်းအလိုက် ရေချွေတာမှု အစီအမံတွေ ချမှတ်ပေးတာ၊ ရေသွင်းစိုက်ပျိုးရေးအတွက် လယ်သမားတွေနဲ့ ညှိနှိုင်းတိုင်ပင်တာတွေ ပါဝင်မယ်လို့ သိရပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ပိတ်မိနေသူတွေရှိတာကြောင့် ကူညီကယ်ဆယ်ရေး အရေးပေါ် လိုအပ်နေဟုဆို

နိုင်ငံတကာ

ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဆီမီးကန်ကျေးရွာအုပ်စုမှာ ချောင်းရေကြီးလို့ ကျေးရွာထဲ ရေဝင်ပြီး သီးနှံတွေ ရေမြုပ်ပျက်စီးခဲ့ပါတယ်။

Facebook