Connect with us

Hi, what are you looking for?

သတင်း

ရေ​ဘေး​ကြောင့်​စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၂၃ ဦး​ ၊ ပျောက်ဆုံးသူ ၂ ဦးရှိ

တိုင်း​လေးခုမှာ​ရေ​ဘေးသင့်ပြည်သူ ၄၅၀,၀၀၀ ကျော် ရှိပြီး ၊စစ်ကိုင်းမှာပဲ ၂၂၀,၀၀၀ ကျော်

သြဂုတ်-၁၁၊၂၀၂၆။ဒီပ၊တာရာ/People’s Spring

​ရေ​ဘေးဒဏ်အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (MOSLHA)က ဒီက​နေ့ညမှာထုတ်ပြန်ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ ၊မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီးရေ​ဘေး ရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​ရေ​ဘေး​ကြောင့် ​သေဆုံးသူအ​ရေအတွက်ဆက်တိုက်တိုး​နေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်း​တွေအရ ​ကျွန်းလှမြို့နယ်မှာ ၈ ဦး ၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး ၊ကောလင်းမြို့နယ်မှာ ၃ ဦး​သေ ၂ ဦး​ပျောက်ဆုံး ၊တန့်ဆည်မှာ ၂ ဦး ၊​ရွှေဘို မှာ ၁ ဦး ၊ကန့်ဘလူမှာ ၁ ဦး ၊ခင်ဦး ၁ ဦး ​သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ​ပေမယ့်တန့်ဆည်မြို့နယ်မှာပဲ အမျိုးသမီးတဦးအပါအဝင်​ရေ​ဘေး​ကြောင့် ပြည်သူ၄ဦးသေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ်၊ပြည်သူ့လုံခြုံရေး (ပလဖ)အဖွဲ့ကသြဂုတ် ၁၁ ရက်မှာပြောပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ်လ၆ရက်နေ့ကစင်းသင်းရွာက အမျိုးသားတဦး၊သာဂေါင်ကြီးရွာက အမျိုးသမီးတဦး၊ဩဂုတ်လ ၇ ရက်နေ့မှာရွှေလှန်ရွာက အမျိုးသားတဦး နဲ့ အက်တော ရွာက အမျိုးသားတဦးတို့ စုစု​ပေါင်း ၄ ဦးသေဆုံးခဲ့တာလို့ မြို့နယ်ပလဖ တာဝန်ရှိသူက ပြောပါတယ်။

“သာဂေါင်ကြီး၊စင်းသင်းကအလောင်း (Dead Body)ရပါတယ်။ရွှေလှန်နဲ့အက်တောက တော့မရပါဘူး”လို့ သူက ပြောပါတယ်။

အလားတူ အလားတူ ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတဦးအပါအဝင် ရေဘေး ကြောင့် သေဆုံးသူ၆ဦးရှိပြီး ပျောက်ဆုံး နေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတဦးက​ပြောပါတယ်။

ကောလင်းမြို့နယ်၊နတ်တောင်ရွာက၁ဦး၊တော်မော်ရွာက CDM ကျောင်းဆရာ၁ဦး၊တောင်မော်အင်ပင်သာက ၁ဦး ၊လှည်းပွဲ၁ဦး၊ဝါးရုံခုံး ၁ဦး၊နတ်အင်း၁ဦးတို့ ဖြစ်တယ်လို့ အထက်ပါတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင်ပျောက်ဆုံး နေသူ၂ဦးလည်းရှိပြီး ရှာဖွေနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။

“ယာယီပြောင်းရွှေ့ရတဲ့မိသားစုက ၃,၀၀၀ လောက် ရှိတယ်။ မြို့နယ် အဖွဲ့တွေက ရပ်ကျေးတွေနဲ့ ချိတ်ဆက် ကူညီနေကြပေမယ့် တနေရာနဲ့တနေရာ ကူးမရတဲ့ပြဿနာတွေလည်း ရှိနေတယ်။ ကောလင်းအ‌​ရှေ့ခြမ်း တောင်မော်နဲ့လှည်းပွဲဘက် က တော်တော်ဆိုးတယ်။အနောက်ခြမ်း ကလည်းတာဘောင်တွေ ကျိုးလို့ တော်‌​တော်ဆိုးတယ်”လို့ မြို့နယ်ပကဖတာ ဝန်ရှိသူက ပြောပါတယ်။

ဒါ​ကြောင့် ​သေဆုံးသူ အ​ရေအတွက်တိုးလာဖို့ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ် ၁၃ မြို့နယ်မှာရေ​ကြီး​ရေလျှံ​နေပြီး ​ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ဒါ့အပြင်ကလေးနဲ့ မြောင်မြို့ နယ်ရှိရွာအချို့မှာရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီးလိုအပ်သလိုအရေးပေါ် တုံ့ပြန်မှုလုပ်ငန်း​တွေကို ဆောင်ရွက်​နေတယ်လို့ဆိုပါတယ် ။

မန္တ​လေးတိုင်းမှာလည်းမတ္တရာ၊ငါန်းဇွန်၊တောင်သာ မြို့နယ်တို့မှာ​ရေဘေးသင့်ပြည်သူ ၁၈၄,၀၀၀ ​​​ကျော်ရှိပါတယ် ။ဒါ့အပြင် မန္တလေးတိုင်း၊ မြင်းခြံနဲ့ ညောင်ဦးမြို့ရှိ မြေနိမ့်ပိုင်း ရပ်ကွက်​ကျေးရွာ အချို့မှာလည်းရေဝင်ရောက်​နေပြီးရေဘေးသင့်ပြည်သူ​တွေအတွက်အရေးပေါ် ရွှေ့ပြောင်းခြင်းနဲ့ ယာယီနေရာချထားရေးလုပ်ငန်း​တွေ ဆောင်ရွက်ပေးဖို့လိုအပ်​နေပါတယ် ။

စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်နဲ့ ဧရာဝတီတိုင်းတို့ရှိ မြို့နယ် စုစု​ပေါင်း ၂၀မှာ ရေလွှမ်းမိုး​နေတာဖြစ်ပြီး ​ရေ​ဘေးသင့် ပြည်သူစုစုပေါင်း ၄၅၂,၁၆၃ ဦးရှိတယ်လို့ NUG က​ဖော်ပြပါတယ် ။

●ဘာ​ကြောင့်​ရေကြီးတာလဲ

မြန်မာနိုင်ငံအထက်ပိုင်းဒေသ​တွေမှာ နေ့စဥ် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းတာနဲ့ဆည်ရေ​တွေဖောက်ထုတ်တာကြောင့် ရေကြီးရေလျှံတာလို့ NUG က​ဖော်ပြပါတယ်။

ကျွန်းလှမြို့နယ်၊သဖန်းဆိပ်ရေ လှောင်တမံက နေ ရေထွက်ပေါက် ၁၂ပေါက်ကတဆင့် ရေလွှတ်ခဲ့ပြီး နောက်စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်​တွေမှာ ရေနစ်မြှုပ်လူသေဆုံးမှု တွေဖြစ် နေတာလို့ ​ဒေသခံ​တွေနဲ့ ​တော်လှန်​ရေးအဖွဲ့အချို့က​ပြောပါတယ်။

စစ်တပ်က ထိန်းချုပ်ထားတဲ့ သဖန်းဆိပ်ဆည်ကနေ ရေလွှတ်တော့မယ်ဆိုတာကို ပြည်သူတွေ ကြိုမသိခဲ့ရဘူး။ “ဆည်ရေဖောက်ချလိုက်ပြီဆိုတာကို သိရတာ ၆ ရက်နေ့ ညနေပိုင်းမှာ သိရပါတယ်။ ကြိုတင်ပြင်ဆင်ဖို့ အချိန်မလုံလောက်ခဲ့ပါဘူး”လို့ ရွှေဘိုပကဖအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒါ​ကြောင့်စစ်အုပ်စုကသဖန်းဆိပ်ဆည်ကို​အောက်ဖက်ကပြည်သူ​တွေနဲ့ ​တော်လှန်​ရေးတပ်​တွေ ဒုက္ခ​ရောက်​အောင် တမင်​ဖောက်ချတယ်လို့ ​ပြော​နေကြတာလည်းရှိပါတယ် ။ စစ်အုပ်စုက သဖန်းဆိပ်ဆည်ကိုတမင်​ဖောက်ချတာ ဟုတ်၊မဟုတ်ကို လူထု​နွေဦးကစုံစမ်း​နေပါတယ် ။ဒါ​ပေမယ့် လတ်တ​လောမှာသီးခြားအတည်မပြုနိုင်​သေးပါဘူး။

●ရာသီဥတုခန့်မှန်းချက်

လာမယ့်ဩဂုတ်လ ၁၃ ရက်မှာဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေဖိအားနည်းရပ် ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ထိုင်းနိုင်ငံဘက်က မုတ်သုံအားမြှောင်တန်းဟာ မြန်မာနိုင်ငံဘက်သို့ ရွေ့လျားမှာဖြစ်လို့ အနောက်တောင်မုတ်သုံလေဟာ အားကောင်းရာမှ အားအလွန်ကောင်းနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းပါက သံလွင်မြစ်၊ ဧရာဝတီမြစ်နဲ့ မြစ်လက်တက်​တွေရေထပ်တိုးလာနိုင်ပြီး ဆည်တာတမံများမှ ရေထုတ်လွှတ်ခြင်းကြောင့် ရေလွှမ်းမိုးမှု​တွေဆက်လက်ဖြစ်ပေါ်နိုင်ခြေရှိတယ်လို့သတိ​ပေးထားပါတယ် ။ဒါ​ကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိတဲ့ မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်း ဒေသရှိမြို့နယ်နဲ့ကျေးရွာ​တွေအ​နေနဲ့ မိုးလေဝသအခြေအနေ​တွေကို အထူးသတိပြု နေထိုင်ကြဖို့ ၊လိုအပ်ပါက ကြိုတင် ရွှေ့ပြောင်းနေထိုင်ကြဖို့ NUG ကအကြံပြုပါတယ်။

(စစ်ကိုင်းတိုင်း ​ရေ​ဘေးသင့်​ဒေသအချို့ကိုအ​ပေါ်စီးမှ​တွေ့ရစဥ် နဲ့ ​ရေ​​ဘေးသင့်အ​ခြေအ​နေပြအင်ဖိုဂရပ် ။ဓါတ်ပုံ-​​ရေဦးသတင်းမှန်ပြန်ကြား​ရေး ၊ဝက်လက်ပကဖ ၊NUG)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ ဧရာဝတီမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြတဲ့ စစ်ရှောင် တစ်ထောင်နီးပါး ရေဘေးသင့်နေပြီး စစ်ရှောင်တဲအလုံးရေ ၃၀ ခန့် ရေထဲမျောပါသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

မြန်မာနိုင်ငံအလယ်ပိုင်းအညာဒေသစစ်ကိုင်းတိုင်းထဲကရွှေဘို ၊ခင်ဦး၊ ဒီပဲယင်းနဲ့ ရေဦးမြို့နယ်တွေရှိ မူးမြစ်ဘေးတလျှောက်ရှိရေဘေးသင့်နေတဲ့ ရွာတွေကို သြဂုတ်လ ၁၀ ရက် ညနေပိုင်းကတွေ့မြင်ရတာပါ။

သတင်း

စစ်ကိုင်းမှာ​ရေ​ဘေ​ကြောင့်​သေဆုံးသူ ၂၀ ဦးရှိလာ