Connect with us

Hi, what are you looking for?

သတင်း

သဖန်းဆိပ်ဆည် ရေထပ်လွှတ်နေလို့ မူးမြစ်ရေကြီးနိုင်ဟု ရွှေဘိုခရိုင် ပကဖ သတိပေး

သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။

(ရွှေဘိုခရိုင်အတွင်း ရေကြီးနေစဥ် ပြည်သူများအား ရွှေ့ပြောင်းပေးနေသော ပကဖရဲဘော်များအား တွေ့ရစဥ်။ ဓါတ်ပုံံ − ရွှေဘိုခရိုင်ပကဖ)

ဩဂုတ် ၁၃၊၂၀၂၆။ ဇေအောင်/People’s Spring

သဖန်းဆိပ်ဆည် ရေပြည့်မှတ်ကျော်လွန်နေလို့ ရေလွှတ်နေတာကြောင့် မူးမြစ်ဘေးနေ ပြည်သူတွေ ရေဘေး ထပ်မံသတိပြုကြဖို့ ရွှေဘိုခရိုင် ပကဖက သတိပေးထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည်ကြီးရဲ့ကန်ရေပြည့်မှတ်မှာ ၅၄၅ ပေခန့်သာ ဝင်ဆံ့ပြီး ယခုလက်ရှိ ရေပမာဏဟာ ၅၄၅.၇၅ ပေ ရောက်ရှိနေတာကြောင့် ဆည်ကြံ့ခိုင်မှုရှိစေဖို့အတွက် ဒီကနေ့မှာ ရေလွှတ်နှုန်း (၆၇၇၀၉ကျူ့ဆက်) ကုဗပေ/စက္ကန့် အထိ လွှတ်ထားကြောင်း ရွှေဘိုခရိုင် ပကဖ ထုတ်ပြန်ပါတယ်။

အဲဒိီလို လွှတ်ထားတဲ့ ရေတွေဟာ ကာဘိုးဆည်အတွင်း ဒီကနေ့ညပိုင်း ၊ မနက်ဖြန်မနက်ပိုင်းမှာ ရောက်ရှိမှာဖြစ်ကြောင်း၊ ကာဘိုးဆည် မူးမြစ် ရေတံခါးအားလုံး ဖွင့်လှစ်ထားတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ကို ဆက်လက်ဆင်းလာမှာဖြစ်ကြောင်း ရွှေဘိုခရိုင်ပကဖက ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ လက်ရှိအချိန်ထိ မိုးများနေဆဲ‌လို့ သိရပါတယ်။”လို့ ရွှေဘိုခရိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ဒါ့ကြောင့် မူးမြစ်ရေဟာ လက်ရှိ ရေပြင်ထက် ပိုပြီး တက်လာနိုင်တာကြောင့် မူးမြစ်ဘေးကျေးရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေ ရေဘေးအန္တရာယ်ကို သတိပြုဂရုစိုက်ကြဖို့နဲ့ မွေးမြူရေးတိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာသို့ အချိန်မီ ရွှေ့ပြောင်းကြဖို့ အသိပေးကြေညာပါတယ်။

​ရေ​ဘေးဒဏ် အဆိုးဆုံးရင်ဆိုင်​နေရတဲ့ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက် မနေ့ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

သဖန်းဆိပ်ဆည်က ​ရေလွှတ်တာ၊ မိုးသည်းထန်စွာရွာသွန်းတာ​တွေ​ကြောင့် သဖန်းဆိပ်ဆည်​အောက်ဘက် မူးမြစ်ကမ်းတ​လျှောက်မြို့နယ်​တွေမှာ ​သြဂုတ် ၆ ရက်ကစပြီး ရေ​ဘေးရင်ဆိုင်​နေရတာဖြစ်ပါတယ်။ ​

ရေ​ဘေး​ကြောင့် ​သေဆုံးသူအ​ရေအတွက်ဆက်တိုက်တိုး​နေရာ NUGရဲ့ သြဂုတ် ၁၁ ရက် စာရင်း​တွေအရ ​ကျွန်းလှမြို့နယ်မှာ ၈ ဦး၊ ဒီပဲယင်းမြို့နယ်မှာ ၇ ဦး၊ ကောလင်းမြို့နယ်မှာ ၃ ဦး​သေဆုံး၊ ၂ ဦး​ပျောက်ဆုံး၊ တန့်ဆည်မြို့နယ်မှာ ၂ ဦး၊ ရွှေဘိုမြို့နယ်မှာ ၁ ဦး၊ ကန့်ဘလူမြို့နယ်မှာ ၁ ဦး၊ ခင်ဦးမြို့နယ်မှာ ၁ ဦး ​သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ တန့်ဆည်မြို့နယ်မှာပဲ အမျိုးသမီးတစ်ဦးအပါအဝင်​ရေ​ဘေး​ကြောင့် ပြည်သူ ၄ဦးသေဆုံးခဲ့တယ်လို့ တန့်ဆည်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့က သြဂုတ် ၁၁ ရက်မှာ ပြောပါတယ်။

အလားတူ ကောလင်းမြို့နယ်မှာ CDM ကျောင်းဆရာတစ်ဦးအပါအဝင် ရေဘေးကြောင့် သေဆုံးသူ ၆ဦးရှိပြီး ပျောက်ဆုံးနေသူ ၂ ဦးရှိတယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက​ ပြောပါတယ်။

ဒါ​ကြောင့် ​သေဆုံးသူ အ​ရေအတွက်တိုးလာဖို့ ရှိ​နေပါတယ်။

စစ်ကိုင်းတိုင်းမှာ မြို့နယ် ၁၃ မြို့နယ်မှာ ရေ​ကြီး​ရေလျှံ​နေပြီး ​ရေသင့်ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ ဒါ့အပြင် ကလေးနဲ့ မြောင်မြို့နယ်ရှိ ရွာအချို့မှာ ရေဝင်ရောက်နေတဲ့အတွက် အခြေအနေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်သလို အရေးပေါ် တုံ့ပြန်မှုလုပ်ငန်း​တွေကို ဆောင်ရွက်​နေတယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်ကဗျတ္တပန်းဆက်လမ်းပိုင်းတနေရာမှာတပ်စွဲထားတဲ့ စစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ထိခိုက်မှုရှိတယ်လို့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တာဝန်ရှိသူတဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က သဘာ၀ဘေးသင့် ပြည်သူတွေရဲ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေကို မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နဲ့ လောင်းလုံးမြို့နယ် ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ပကဖက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း ၊ဂန့်ဂေါမြို့နယ်အခြေစိုက် အမှတ်(၅၀)ခြေလျင်တပ်ရင်း(ခလရ-၅၀ )က စစ်သား ၂ဦး လက်နက်တွေယူလာပြီး အလင်း၀င်လာတယ်လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာဖက်ကသဖန်းဆိပ်ဆည်ရေလွှတ်လို့ ထိုင်းဖက်ခြမ်းမှာရေကြီးမှာမဟုတ်ဘူးလို့ ထိုင်းမိုးလေဝဌာန(TMD)ကရှင်းလင်းထုတ်ပြန်ခဲ့ပါတယ်။