Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအရေးကြီး အဆုံးအဖြတ်ကာလဖြစ်လို့ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ပါဝင်ကြဖို့ NUG ကာကွယ်ရေး တိုက်တွန်း

PRFအစီအစဥ်ဖြင့်PDFတွေကို ၄ နှစ်ခန့်အတွင်း​ဒေါ်လာသန်း (၃၀) ဝန်းကျင်​ထောက်ပို့

(ပြည်သူ့ကာကွယ်ရေးတပ်မတော်-(မန္တ​​လေး) အထူးလှုပ်ရှားတပ်မ ကတပ်ဖွဲ့ဝင်​တွေစစ်သင်တန်းဆင်းပွဲမှာ တွေ့ရစဉ်။ ဓာတ်ပုံ-MDY-PDF )

ဩဂုတ် ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

လက်ရှိပြည်သူ့တော်လှန်ရေးဟာ အရေးကြီးဆုံးသော အဆုံးအဖြတ်ကာလသို့ ရောက်ရှိနေပြီဖြစ်ရာ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်း အင်အားဖြင့်သာ မလွဲဧကန်အောင်ပွဲရရှိမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပြီး ပြည်သူတွေအနေနဲ့NUGရဲ့ဘဏ္ဍာရှာဖွေရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက်ပါဝင်ကြဖို့တိုက်တွန်းပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ဘဏ္ဍာငွေတွေကို PDF တပ်ရင်း၊ တပ်ဖွဲ့တွေထံ ပေးအပ်နေမှု အခြေအနေတွေကို ဖော်ပြပြီး ပြည်သူလူထုအနေဖြင့်ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်(PRF)အစီအစဥ်နဲ့တကွအမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဘဏ္ဍာငွေ ရှာဖွေရေး လုပ်ငန်းစဥ်များတွင် မိမိတို့ တတ်စွမ်းသမျှ အင်တိုက်အားတိုက် ပါဝင်ပူးပေါင်းပေးကြဖို့ အထူးတိုက်တွန်း နှိုးဆော်ကြောင်း ဖော်ပြထားတာပါ။

လက်ရှိအချိန်အထိသုံးစွဲခဲ့တဲ့တပ်ရင်ထောက်ပံ့စရိတ်တွေရဲ့ (၈၅) ရာခိုင်နှုန်းကျော် ခန့်မှန်း အမေရိကန်ဒေါ်လာ သန်း (၃၀) ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) အစီအစဥ်ရဲ့ (၄၆)လတာအတွင်း (၂၀၂၁ဒီဇင်ဘာမှ ၂၀၂၅ ၊စက်တင်ဘာအထိ) ကောက်ခံရရှိတဲ့ ဘဏ္ဍာငွေများမှ ထုတ်နှုတ်သုံးစွဲခဲ့တာ ဖြစ်ကြောင်းအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့များ စတင်ဖွဲ့စည်းသည့်အချိန်မှစတင်၍ တပ်ရင်းထောက်ပံ့စရိတ်တွေပေးအပ်ခဲ့ရာ၃၈ကြိမ်အထိ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းဖော်ပြပါတယ်။ တစ်ကြိမ်လျှင် ပျမ်းမျှအားဖြင့် ခန့်မှန်း အမေရိကန်ဒေါ်လာ တသန်းနီးပါး (၀ ဒသမ ၉၆ သန်းခန့်) သုံးစွဲခဲ့ကြောင်းလည်း အသိပေးပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံနဲ့ တဝှမ်း ဖွဲ့စည်းထားရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း (၃၆၀) ကျော်ကို ဖြန့်ဝေခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။ ၂၀၂၆ ခုနှစ်မှ စတင်၍ တပ်ရင်း ထောက်ပံ့မှု တစ်ကြိမ်လျှင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းခန့်အထိ တိုးမြှင့် ထောက်ပံ့လျက်ရှိကြောင်းလည်း အသိပေးပါတယ်။ ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေး တပ်ရင်း၊ အဖွဲ့ များကိုလည်း (၃၆) ကြိမ်မြောက်မှ စတင်၍ တိုးချဲ့ ထောက်ပံ့လျက်ရှိဟု NUG ကာကွယ်ရေးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဩဂုတ် ၃ ရက်ကနေ ၆ ရက်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်မှူးကြီးများ အစည်းအဝေးကို လေးရက်ကြာ ပြုခဲ့ပြီးပြည်သူ့ခုခံတွန်းလှန်စစ်ကနေ မဟာဗျူဟာထိုးစစ်ကို ဦးတည်ပြင်ဆင်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သြဂုတ် ၇ရက်က ထုတ်ပြန်ခဲ့တယ်။

အစည်းအဝေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ဦးစီးချုပ်၊ဒုတိယစစ်ဦးစီးချုပ်နဲ့စစ်ဦးစီးအရာရှိချုပ်တို့က လမ်းညွှန်အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ဝန်ကြီးဌာနရဲ့ မျှော်မှန်းချက်နဲ့ မဟာဗျူဟာ‌တွေ လမ်းညွှန်ဆွေးနွေးခဲ့တယ်လို့ အသိပေးပါတယ်။

အမျိုးသားကာကွယ်ရေးမဟာဗျူဟာနဲ့အညီ တပ်မှူးကြီးများ အစည်းအဝေးက အတည်ပြုခဲတဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး တိုင်းစစ်ဌာန (၁၀)ခု၊ တပ်မ (၁) ခုနဲ့ စစ်ရုံးချုပ် စစ်ဆင်ရေး၊ စစ်ရေး၊ စစ်ထောက်၊ စစ်ထောက်လှမ်းရေး၊ပြည်သူ့လုံခြုံရေးဌာနများ၊ စစ်ဆင်ရေးရုံးများ၊ စစ်ဥပဒေရုံး နဲ့ ပကဖ စစ်ဘက်ရေးရာအရာရှိချုပ်ရုံး အသီးသီးက စာတမ်းများ တင်သွင်းပြီးအပြန်အလှန်ဆွေးနွေးတာ စစ်ဦးစီးချုပ်၊ ဒုတိယစစ်ဦးစီးချုပ်၊ စစ်ဦးစီးအရာရှိချုပ်တွေရဲ့လမ်းညွှန်ချက်ရယူတာနဲ့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ရှေ့လုပ်ငန်းစဉ်များချမှတ်ရာမှာညီညွတ်ရေးမူ(၃)ရပ်နဲ့အညီ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာ ဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးနဲ့ ကွပ်ကဲရေးကော်မတီမှာ မဟာဗျူဟာကျကျ ပါဝင်ဆောင်ရွက်နိုင်ရေး နဲ့ စစ်ဒေသအသီးသီးမှာ သက်ဆိုင်ရာ မဟာမိတ် တိုင်ရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနဲ့ လက်တွဲပြီး “ပြည်သူ့ခုခံတွန်းလှန်စစ်”ကနေ “မဟာဗျူဟာထိုးစစ်”ကို တက်လှမ်းနိုင်‌ရေး ဦးတည်ပြင်ဆင်ဆောင်ရွက်သွားကြဖို့ လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့တာလို့လည်း အသိပေးခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

AA နဲ့အတူ လက်တွဲပြီး စစ်တပ်ကို တွန်းလှန်တိုက်ခိုက်မယ်လို့ အသိပေး

သတင်း

တိုင်းရင်းသားနယ်မြေရှေ့တန်းတစ်နေရာမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဂန့်ဂေါစစ်ကြောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြည်သူ့သားကောင်းဆု ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

PRFအပေါ်ပြည်သူတွေရဲယုံကြည်မှုပျက်ပြားစေဖို့နဲ့တော်လှန်ရေးဝင်ငွေလမ်းကြောင်းတွေကိုစစ်တပ်ဖြတ်တောက်ဖို့ကြံစည်တာဖြစ်တယ်လို့ PRF ထုတ်ပြန်

Trending

Facebook