ဩဂုတ်-၁၆၊၂၀၂၆၊ရှိန်း/People’s Spring
မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်က ရွှေဘယက်ကျေးရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ (၆၄)နှစ်အရွယ် ဒေသခံ အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၆ ရက် ဒီကနေ့ မနက်၁၀နာရီကျော်မှာ စဉ့်ကူးမြို့နယ်၊ညောင်ပင်ရွာက စစ်တပ် အထိုင်စခန်း နေရာကနေ ရွှေဘယက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဗုံးကြဲခံရမှုအတွင်း (၆၄)နှစ်အရွယ် ဦးတင်ထွန်း ထိမှန် သေဆုံးခဲ့တာလို့ သိရပါတယ်။

Public Service Announcement
” ဗုံးထိတာ။ဆေးကုဖို့ ခေါ်သွားရင်း လမ်းမှာဆုံးသွားတယ်လို့ ပြောတယ်။ရေကြောင်းကလည်း သင်္ဘော တွေနဲ့တက်လာတယ်။ဒရုန်း တွေလည်းကြဲ နေတာ ၄ရက်ရှိပြီ။အထိခိုက်များတယ်၊”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်တပ်က စဉ့်ကူးမြို့နယ် ထုံးကြီး၊ ရွှေဂုံတိုင်နဲ့ ညောင်ပင်ရွာတို့ကနေ ဒရုန်းတွေနဲ့ ရွှေဘယက်၊ပေါက်ကုန်း၊ဆင်သေရွာတွေကို ဗုံးကြဲတာတွေဆက်တိုက်လုပ် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၁၄ရက်ကလည်း ဆင်သေကျေးရွာက အမျိုးသမီး ၁ဦး ဒရုန်းဗုံးထိမှန် သေဆုံးခဲ့ပြီး အဲဒီနေ့မှာပဲကြက်တူရွေးရွာက ပြည်သူ ၄ဦး ထိမှန်ဒဏ်ရာ တွေရခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ဟာ ရေဘေးသင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊မန္တလေးတိုင်း၊ မကွေးတိုင်အပြင် နိုင်ငံနှံ့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေပါတယ်။
ရေဘေးသင့်ဒေသက ရေဘေးရှောင်ပြည်သူတွေ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးထိခိုက်မှုတွေ ဖြစ်နေပါတယ်။


















































