Connect with us

Hi, what are you looking for?

သတင်း

အရာတော်က ရေဘေးသင့်ကျေးရွာ၂ရွာကို စစ်တပ် ဗုံးကြဲလို့ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

(ဆူဆိုက်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံံ-အရာတော်ပကဖ)

သြဂုတ် ၁၈၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က ရေဘေးသင့် ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်လို့ ရေဘေးသင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

မနေ့က သြဂုတ် ၁၇ ရက် နေ့လယ် ၁၂ နာရီခန့်က အရာတော်မြို့နယ်မှာ ရေဘေးသင့်နေတဲ့ ကောင်းသစ်ကျေးရွာကို ရွှေဘိုလေ့ကျင့်ရေး (၈)ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ရခဲ့ကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ပြည်သူအများစု ရှိတဲ့နေရာကိုကျတာ။ ၄ ဦးကတော့ စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်။ သေဆုံးတာက အမျိုးသမီးပါ။ အသက် ၃၅ ၃၆ ပတ်ချာလည်လောက်ရှိမယ်။ သူ့မှာကလေး​လေး ရှိတယ်လေ။ ရေကျသွားရင် အလှူပေးဖို့ စီစဥ်ထားတာ။”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ မနေ့က ည ၁၁ နာရီခန့်ကလည်း မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ဆူဆိုက်ဒရုန်း ၂ စီးဟာ ရေဘေးသင့်နေတဲ့ အရာတော်မြို့နယ်က ကြွေပုဂံကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးထိခိုက်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ခင်ဦးမြို့နယ်နဲ့ တန့်ဆည်မြို့နယ်က ရေဘေးသင့်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

အရာတော်အပါအဝင် စစ်ကိုင်းတိုင်းက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်လည်ကျဆင်းနေပေမဲ့ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ရေဘေးသင့်ဒေသ ကူညီနေသူတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်းက အဲဒီဒေသတွေမှာ ရေဘေးသင့် ပြည်သူ ၂၂၆,၀၀၀ ကျော်ရှိ​နေပါတယ်။ စစ်ကိုင်းတိုင်းမှာ ရေ​ဘေး​ကြောင့် သေဆုံးသူ ၂၃ ဦးထိရှိလာပြီး ၂ ဦး​ပျောက်ဆုံး​နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ လူမှုရေးရာ၊အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သြဂုတ် ၁၁ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရပ်သားတွေနဲ့ စစ်ရှောင်ပြည်သူတွေအများစုရှိတဲ့ ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

သတင်း

ဒဏ်ရာရသူ​တွေလည်းရှိပြီး​သေဆုံးသူထပ်တိုးလာနိုင်သေးဟု​​ဒေသခံ​တွေ​ပြော

သတင်း

က​လေး​တွေ​ဘောလုံးကန်​နေတဲ့ဆီပျံသွားတဲ့ဒရုန်းပျက်ကျပြီးတော်လှန်​ရေးတပ်သိမ်းယူ

သတင်း

အောက်တိုဘာ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်လက်နက်ခဲယမ်းနဲ့ အင်အားဖြည့်တင်းဖို့လာတဲ့ စစ်တပ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နစ်မြုပ်သင်္ဘောအချို့မှာ ပါတဲ့ ဟောင်ဝစ်ဇာအမြောက်အပါအဝင် လက်နက်ကြီးတွေကို ဆယ်ယူနိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ရုပ်သံမှတ်တမ်းပြသ အသိပေးပါတယ်။ စစ်သင်္ဘောတွေဟာ စက်တင်ဘာလဆန်းမှာ ရွှေကူကနေ...

Trending

Facebook