Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးတိုက်ပွဲဖြစ်

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်ပိုင်းကစပြီး အခုသတင်း​ရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။

(စစ်ကိုင်းမြို့ အနီးဝန်းကျင်ကို ​မြေပုံမှာ​တွေ့ရစဥ်)

ဩဂုတ်-၁၉၊၂၀၂၆။နှင်း/People’s Spring

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်ပိုင်းကစပြီး အခုသတင်း​ရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။

သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းကငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်းPDFဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ် တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလို့ စုံစမ်းသိရပါတယ်။

“အဲဒီနေရာကမြို့ထဲပဲလေ။စစ်ကောင်စီအထိုင်ဂိတ်တွေရှိတယ်။ပတ်ကင်းလည်းအမြဲရှိတဲ့ နေရာပဲ။မြို့ထဲဝင်ပစ်တဲ့ ပုံစံမျိုးပေါ့”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒီ​​နေ့ ​နေ့လည်၁၂နာရီအထိ တိုက်ပွဲဖြစ် နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှု​တွေရှိတယ်လို့ တော်လှန်ရေးတပ်တွေကဖြေကြားထားပါတယ်။

စစ်ကိုင်းPDFခေါင်းဆောင်ကိုစစ်ငြိမ်းနိုင်ကလည်း တိုက်ပွဲဖြစ်နေတာမို့ ပြည်သူ တွေစစ် ရေးသတိ ရှိကြဖို့ အသိပေးထားပါတယ်။

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ၃၃၊အုန်း‌​တော-တကရ၆၀၀၅ အမြောက်တပ် တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ် ။အဲဒီနေရာကိုတော်လှန်ရေးတပ်တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

စစ်ကိုင်းPDF တာ၀န်ရှိသူတစ်ဦးက “လောလောဆယ်က ငါးထပ်ကြီးဘုရားအနီမှာ ထိတွေ့ဖြစ်တယ်လို့ သိထားရတယ်”လို့ ပြောပါတယ်။

အာဏာသိမ်းစစ်တပ်တပ်စွဲထားတဲ့နေရာတွေကိုတော်လှန်ရေးတပ်တွေက၀င်ရောက်တိုက်ခိုက်တဲ့ အခြေအနေလို့ အသိပေးပါတယ်။

စစ်ကိုင်း PDF တပ်ဖွဲ့ဟာ ​နွေဦး​တော်လှန်​ရေးတပ်​ပေါင်းစု-SRA မှာပါဝင်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်​အောက်ခံတပ်ရင်း​တွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာဒီ​နေ့မနက်မှာပဲ တပ်ဖွဲ့အချို့ဟာသပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ဘက်ကို ကားအစီး ၃၀ ခန့်နဲ့ထွက်သွားတယ်လို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အရာရှိနဲ့မိသားစုအချို့မြို့ပေါ် ထွက်ပြေး၊စစ်သုံ့ပန်းအချို့ကို AAဖမ်းမိ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်)မှာ စက်တင်ဘာအတွင်း တိုက်ပွဲအကြိမ် ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံ စစ်ကိုင်းမြို့က ရဲလေ့ကျင့်ရေးကျောင်း သင်တန်းဆင်းပွဲ ပြုလုပ်နေချိန် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ (စစ်ကိုင်း)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်တပ် ရုပ်အလောင်းတွေနဲ့ လက်နက်တွေ သိမ်းရ

Trending

Facebook