ဩဂုတ်-၁၉၊၂၀၂၆။နှင်း/People’s Spring
စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်ပိုင်းကစပြီး အခုသတင်းရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။
သြဂုတ် ၁၉ ရက်မနက်ပိုင်းကစပြီး စစ်ကိုင်းမြို့တွင်းကငါးထပ်ကြီးဘုရားအနီးမှာစစ်ကိုင်းPDFဦးဆောင်တဲ့တော်လှန်ရေးပူး ပေါင်းတပ် တွေနဲ့ စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေတာလို့ စုံစမ်းသိရပါတယ်။
“အဲဒီနေရာကမြို့ထဲပဲလေ။စစ်ကောင်စီအထိုင်ဂိတ်တွေရှိတယ်။ပတ်ကင်းလည်းအမြဲရှိတဲ့ နေရာပဲ။မြို့ထဲဝင်ပစ်တဲ့ ပုံစံမျိုးပေါ့”လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

Public Service Announcement
ဒီနေ့ နေ့လည်၁၂နာရီအထိ တိုက်ပွဲဖြစ် နေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ တော်လှန်ရေးတပ်တွေကဖြေကြားထားပါတယ်။
စစ်ကိုင်းPDFခေါင်းဆောင်ကိုစစ်ငြိမ်းနိုင်ကလည်း တိုက်ပွဲဖြစ်နေတာမို့ ပြည်သူ တွေစစ် ရေးသတိ ရှိကြဖို့ အသိပေးထားပါတယ်။
စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားဟာ စစ်တပ်ရဲ့ တပ်မ၃၃၊အုန်းတော-တကရ၆၀၀၅ အမြောက်တပ် တို့နဲ့လည်း အလှမ်းမဝေးဘူးလို့ သိရပါတယ် ။အဲဒီနေရာကိုတော်လှန်ရေးတပ်တွေတိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
စစ်ကိုင်းPDF တာ၀န်ရှိသူတစ်ဦးက “လောလောဆယ်က ငါးထပ်ကြီးဘုရားအနီမှာ ထိတွေ့ဖြစ်တယ်လို့ သိထားရတယ်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်တပ်စွဲထားတဲ့နေရာတွေကိုတော်လှန်ရေးတပ်တွေက၀င်ရောက်တိုက်ခိုက်တဲ့ အခြေအနေလို့ အသိပေးပါတယ်။
စစ်ကိုင်း PDF တပ်ဖွဲ့ဟာ နွေဦးတော်လှန်ရေးတပ်ပေါင်းစု-SRA မှာပါဝင်တဲ့ တပ်ဖွဲ့ဖြစ်ပါတယ် ။စစ်ကိုင်းမြို့မှာ စစ်တပ်ရဲ့ တပ်မ (၃၃) အထိုင်မြို့ဖြစ်သလို ၊တပ်မ (၃၃)လက်အောက်ခံတပ်ရင်းတွေဟာ ဇူလိုင်လမှာ စစ်ကိုင်းတိုင်းကပြန်လာပြီး ပြန်စုဖွဲ့ကာဒီနေ့မနက်မှာပဲ တပ်ဖွဲ့အချို့ဟာသပိတ်ကျင်းမြို့နယ် ၊တွင်းငယ်ဘက်ကို ကားအစီး ၃၀ ခန့်နဲ့ထွက်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ် ။


















































