သြဂုတ် ၁၉၊၂၀၂၆။သုည/People’s Spring
တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။
တောင်ကိုရီးယားရောက်မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်အာဏာရှင်စနစ် ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိရေးအတွက် တံခါးဖွင့်ပေးခြင်းတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ မြန်မာပြည်သူလူထုကို ဖိနှိပ်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်တွေကို ထိုင်းနိုင်ငံခရီးစဉ်မှာ လက်ခံတွေ့ဆုံခြင်းတို့ကို ပြင်းထန်စွာကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရရဲ့လုပ်ရပ်အပေါ် ကန့်ကွက်ကြောင်း အိတ်ဖွင့်ပေးစာကိုလည်း ထိုင်းသံရုံးသို့ တရားဝင်ပေးပို့ခဲ့ပါတယ်။

Public Service Announcement
ထိုင်းအစိုးရအနေနဲ့ ပြည်သူလူထုကို နေ့စဥ် ဖိနှိပ်သတ်ဖြတ်နေတဲ့ မြန်မာစစ်ခေါင်းဆောင်တွေ ဖိတ်ကြားခြင်းကို ချက်ချင်း ရပ်တန့်ဖို့၊ ထိုင်းနိုင်ငံ အပါအဝင် အာဆီယံအနေနဲ့ မြန်မာပြည်သူတွေရဲ့ သွေးနဲ့မျက်ရည်ကို မျက်ကွယ်ပြုထားတဲ့ သွေးစွန်းနေသော စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကို ချက်ချင်း ဖြတ်တောက်ဖို့၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးနဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးပြီး မြန်မာပြည်သူတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပိုမိုထိတွေ့ပြီး ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။


















































