Connect with us

Hi, what are you looking for?

သတင်း

တောင်မော်ဦးတိုက်ပွဲမှာဆုတ်ပြေးတဲ့စစ်တပ်ကို AAလိုက်လံတိုက်ခိုက်

တိုက်ပွဲ​တွေပြင်းထန်နေပြီး ​တောင်​မော်ဦး​ရေတပ်နဲ့ပိုနီးလား

ဩဂုတ်-၂၀၊၂၀၂၆။ခိုင်မြတ်/People’s Spring

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးတိုက်ပွဲမှာ တပ်လန်ဆုတ်ခွာသွားတဲ့ အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)က လိုက်လံတိုက်ခိုက်နေပြီး တောင်မော်ဦးရေတပ်နဲ့ တမိုင်ကျော်အ ကွာမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာဩဂုတ်လဆန်းကစပြီးအင်အားနှစ်ရာဝန်းကျင်နဲ့ စစ်ကြောင်းထိုး လာခဲ့ရာ အဲဒီစစ်ကြောင်းကို AA က ခုခံတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ဆယ်ချီသေဆုံးကာ တပ်လန် နောက်ဆုတ်သွားခဲ့တာပါ။

“လွန်ခဲ့တဲ့တပတ်လောက်က ​ေးတွေ ဆုတ်ပြေးသွားလို့သူတို့စခန်းကုန်းတခုကိုယ့်ဘက်ကရလိုက်တာရှိတယ်။အဲဒီကနေ ရှေ့တိုးပြီး လိုက်တိုက်နေတာ။ တိုက်ပွဲကတော့ နေ့တိုင်းပြင်းနေတယ်။အသေးစိတ် ပြောဖို့ စောသေး တယ်။ ကိုယ့်ဘက်က အရှေ့ကို တော်တော်ရောက်သွားပြီလို့တော့ ပြောလို့ရတယ်” လို့ မြေပြင်မှာ ရှိနေတဲ့ AA နဲ့ နီးစပ်တဲ့စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ အ၀တောင်ကျေးရွာအနီးဝန်းကျင်မှာတိုက်ပွဲဖြစ်နေတာဖြစ်ပြီး အချို့တိုက်ပွဲတွေကတော့ အ၀တောင် ရွာအကျော် တောင်မော်ဦးရေတပ်စခန်းအနီးသို့ ရောက်နေကာ တောင်မော်ဦးရေတပ်စခန်းနဲ့ဆိုရင် တမိုင်ကျော် သာ ဝေးတော့တယ်လို့ ဆိုပါတယ်။

တောင်မော်ဦးရေတပ်စခန်းကနေတဆင့် အ၀တောင်စခန်းတွေဆီ အင်အားဖြည့်ပြီး စစ်ကြောင်းထိုး၊ ထိုးစစ်ဆင် လာတဲ့ စစ်တပ်နဲ့ AA တို့ရဲ့ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၁ ရက်နေ့တိုက်ပွဲအတွင်း စစ်တပ်ဘက်က ဆယ်ချီသေဆုံး၊ ထိခိုက် ခဲ့တာဖြစ်ပါတယ်။

“အဲတုန်းက အင်အားနှစ်ရာလောက်မှာ တော်တော်များများ ထိသွားတယ်။ ဒဏ်ရာရတာ ပိုများတယ်။ကျောက်ဖြူ ပြည်သူ့ဆေးရုံမှာတောင် ဆေးကုနေကြရတယ် ကြားတယ်” လို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

အထိနာနေတဲ့စစ်တပ်ဟာ တောင်မော်ဦးရေတပ်စခန်းကို ထပ်မံအင်အားဖြည့်ဖို့ ပြင်ဆင်နေကြောင်း ကြား သိရပြီး ရေတပ်စခန်းဆီ စစ်သင်္ဘောအဝင်အထွက်တွေနေ့စဉ်ရှိနေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့ပေါ်ကနေဓည၀တီရေတပ်စခန်းဘက်သို့ သွားရာ မင်းတက်တောင်လမ်းဆုံအနီးဝန်းကျင်က မင်းပြင်၊ သိုင်းချောင်းနဲ့ ပြိုင်းစေ့ကေကျေးရွာတို့ဘက်မှာတော့ အခုရက်ပိုင်း တိုက်ပွဲတွေ ငြိမ်သက်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။

“အရင်ကတော့မင်းပြင်ဘက်ရော၊ပြိုင်းစေ့ကေဘက်ကရော တပြိုင်တည်း အင်အားဖြည့်ပြီး စစ်ကြောင်းထိုးလာတာ၊ တောင်မော်ဦးဘက်မှာ အထိနာနေတဲ့အခါ ဒီဘက်တွေမှာ တိုက်ပွဲငြိမ်နေတယ်။ ကြည့်ရတာ တော်တော်အထိ နာသွားတယ်ထင်တယ်” လို့ မင်းပြင်ဘက်မှာ နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်အတွင်းကနယ်မြေအများစုကို လက်လွှတ်ထားရပြီး ရေတပ်စခန်းနှစ်ခု(ဓည၀တီ၊ တောင်မော် ဦး)တို့နဲ့ မြို့အနီးဝန်းကျင်တပ်ရင်းတွေမှာသာအခြေစိုက်နိုင်တော့တဲ့ စစ်တပ်ဟာ တောင်မော်ဦး၊ မင်းပြင်တို့ဘက် ကနေ အင်အားအလုံးအရင်းသုံးကာ AA ထိန်းချုပ်နယ်မြေတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ မကြာခဏကြိုးစားနေခဲ့တာပါ။

ဒါပေမယ့် တောင်မော်ဦးရေတပ်စခန်းကနေ ကျောက်ဖြူ -ရမ်းဗြဲဆုံရာ စနဲမြို့ထိ သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ ထိုး စစ်ဆင်လာတဲ့ စစ်ကြောင်းကတော့ တပ်ဦးကျိုးပြီး အကြိမ်ကြိမ်ပြန်လှည့်နေရပါတယ်။ အလားတူပဲ မင်းပြင်၊ သိုင်း ချောင်းကျေးရွာအနီးရှိ စစ်တပ်စစ်ကြောင်းတွေဟာ AA ရဲ့ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုကြောင့် အထိနာ ကာ ရှေ့မတိုးနိုင်ဖြစ်နေတယ်လို့ သိရပါတယ်။

အဲဒီလိုအထိနာနေတဲ့စစ်တပ်ဟာ ကျောက်ဖြူမြို့နယ်အတွင်းက အရပ်ဘက်လူနေကျေးရွာတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားထိခိုက်၊ သေဆုံးမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် ကျောက်ဖြူပင်လယ်ပြင်အတွင်း သွားလာနေကြတဲ့ကုန်တင်၊ခရီးသည်တင်စက်လှေတွေ၊ ငါးဖမ်းစက်လှေတွေကို လည်း ဖမ်းဆီးတာတွေ လုပ်နေပါတယ်။

လက်ရှိမှာ ကျောက်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်ရဲ့ ဓည၀တီရေတပ်စခန်း၊ တောင်မော်ဦးရေတပ်စခန်း ၊ အမှတ်(၃၂)ရဲတပ်ရင်း၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ ခလရ ၃၄ တို့ကျန်ရှိ​နေပါတယ် ။ AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က​​တော့ ရခိုင်ပြည်နယ်အတွင်းကလက်ကျန်မြို့တွေဖြစ်တဲ့ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့ရဲ့တောင်ဘက်မှာအာဏာသိမ်းစစ်တပ်ရဲ့လက် နက်ကြီးပစ်ခတ်မှုကြောင့်ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်( DK BA)တပ်ဖွဲ့ဝင်တွေအချို့ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းကရင်သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့‌ ၀က်သည်းကန်အနီးက စစ်တပ် စစ်‌ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မင်းဘူးခရိုင်အမှတ်(၅)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က အထိုင်စခန်းချခဲ့တဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တောင်ပိုင်း အင်းဒင်ကျေးရွာမှာ ဒီ နေ့ ဩဂုတ် ၂၀ ရက် မနက်ပိုင်းက စစ်ကျန်ဗုံးသီးပေါက်ကွဲလို့ ကလေးငယ် ၁၀ ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ပြီး အချို့မှာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။