Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမှာ စစ်တပ်သတင်းပေး စစ်မှုထမ်း ၁ဦးကို တော်လှန်ရေးတပ်ဖွဲ့ ဖမ်းဆီး

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ဩဂုတ်-၂၂၊၂၀၂၆။မိုမို/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်မှာ စစ်တပ် သတင်းပေးအဖြစ် စေခိုင်းခံထားရတဲ့ စစ်မှုထမ်း ၁ဦးကို ဖမ်းဆီးရမိတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

ခေါင်းလောင်းတိုင်ကျေးရွာက အငယ်လေးဆိုသူဟာ စစ်တပ်ကပေါ်တာဆွဲခံရပြီး ၃လကျော်အကြာမှာ ကျေးရွာပြန်ရောက်နေတဲ့ သတင်းအရ အခုဩဂုတ် ၁၈ ရက်မှာ ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

“တော်လှန်ရေးတပ်ဖွဲ့တွေရဲ့စစ်ရေးလှုပ်ရှားမှုကိုစုံစမ်းဖို့ ခိုင်းစေထားတယ်။သတင်းရလို့သွားရောက် ဖမ်းဆီးခဲ့ပါတယ်။သူရဲ့နေအိမ်မှာတင် တွေ့ရှိလို့ ဖမ်းဆီးခဲ့ပါတယ်” လို့ အထက်ပါတာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သတင်းပေးအဖြစ် အာဏာသိမ်းစစ်တပ်အရာရှိနဲ့ မြိုနယ်အုပ်ချုပ်ရေးမှူးတွေက ၁လကို ကျပ်၁သိန်းစီပေးပြီး ခိုင်းစေထားတယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စစ်ဆေးချက်အရ သိရပါတယ်။

“PDF တပ်တွေရဲ့ သွားသွားလာလာတွေ ၊မသင်္ကာသူတွေရှိရင် သူတို့ကို ပြောဖို့ သားကို ပြန်လွှတ်လိုက်တယ်။ဗိုလ်မျိုးကြွယ်က။ရာထူးကတော့ မသိဘူး။သုံးပွင့်လား၊နှစ်ပွင့်လားတော့ မသိဘူး”လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်ဆေးမှုကို အငယ်လေးက ထွက်ဆိုပါတယ်။

PDF တပ်တွေရဲ့ ဖမ်းဆီးခံရပါက ဆေးကျတာ၊ဆေးမအောင်တာကြောင့် ပြန်လွှတ်ခံရတာလို့ ထွက်ဆိုဖို့ လက်ပံတန်းမြို့နယ်အုပ်ချုပ်ရေးမှူးက သင်ကြားပေးထား‌ကြောင်းလည်း အသိပေးပါတယ်။

လက်ရှိမှာ ဖမ်းမိထားတဲ့စစ်တပ်သတင်းပေးဆိုတဲ့ စစ်မှုထမ်းတပ်သားကို စစ်ဥ‌ပဒေတွေနဲ့အညီ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။

Facebook