Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာဝမ်းရောဂါဖြင့် သေဆုံးသူ တဦးထပ်တိုး၊ နာရေးပြုလုပ်ခွင့်မရှိ

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

(အလုံမြို့နယ်မှာသြဂုတ်လဒုတိယပါတ်က ဝမ်း​ရောဂါ ကာကွယ်​ရေးကြက်​ခြေနီတပ်ဖွဲ့ဝင်​တွေ ရပ်ကွက်​တွေအတွင်းကွင်းဆင်း​ဆောင်ရွက်စဥ်။ဓါတ်ပုံ-အလုံကြက်​ခြေနီ)

သြဂုတ်-၂၃၊၂၀၂၅။တာရာ/People’s Spring

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။

အသက် ၈၇ နှစ်အရွယ်သက်ကြီးပိုင်းအမျိုးသားတဦးဟာ သြဂုတ် ၂၀ ရက်နေ့က ဝမ်းသွားလို့ ရန်ကုန်ဆေးရုံကြီးကိုပို့ခဲ့ပြီး သြဂုတ် ၂၁ ရက်မှာသေဆုံးသွားခဲ့ကာ ချက်ခြင်း သဂြိုလ်ခဲ့ရတယ်လို့ စုံစမ်းသိရပါတယ်။

“ဝမ်းလေးနည်းနည်းသွားလို့ ဆေးရုံတင်လိုက်တာ။ဝမ်းရောဂါသမားတွေကိုကုပေးတဲ့အဆောင်မှာပဲ။ အသက်က ၈၇ နှစ်ရှိပြီ။ ဆေးရုံမှာတစ်ရက်ပဲကြာလိုက်တယ်။ ချက်ခြင်းသဂြိုလ်တာ။ ကိုဗစ်တုန်းကလိုမျိုး အိတ်တွေနဲ့ထုပ်ပြီး အမှိုက်တင်သလိုတင်တာ။ အိမ်ကိုလည်းဆေးလာဖြန်းတယ်။ ဆေးတွေလည်းတိုက်တယ်။ ကူးစက်ရောဂါနဲ့သေတာမို့လို့ ထိန်ပင်မှာသဂြိုလ်ခိုင်းတယ်။ နာရေးကိုလည်းအကျယ်တဝင့်မလုပ်ခိုင်းဘူး။ ကိုဗစ်တုန်းကလိုမျိုးပေါ့။ ကူးစက်ရောဂါဆိုပြီး ခွဲထားတယ်” လို့ သေဆုံးသူရဲ့ မိသားစုဝင်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝမ်း​ရောဂါနဲ့​ဆေးရုံ​မှာ ပထမဆုံး​သေဆုံးခဲ့သူမှာ အသက် ၉၂ နှစ်အရွယ်သက်ကြီးလူနာဖြစ်ပါတယ်။ သြဂုတ် ၁၁ ရက်ကကွယ်လွန်ခဲ့တာလို့ စစ်တပ်လက်​အောက်ခံကျန်းမာ​ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတတ်နေရသူ ၈၀၀ နီးပါးအထိရှိလာပြီး သေဆုံးသူနှစ်ဦးလာတာဖြစ်ပါတယ်။​အဲဒီထဲမှာ ကာလဝမ်း​ရောဂါဖြစ်ပွားသူကလည်း တစ်ရာ​ကျော်ရှိပါတယ်။

စစ်တပ်အောက်ကျန်းမာရေးဝန်ကြီးဌာနက ဝမ်းရောဂါဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးသြဂုတ် ၂၂ ရက်မှာတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။

ရန်ကုန်မြို့တွင်းမြို့နယ်​တွေမှာ သြဂုတ်လဆန်းကစပြီးဝမ်း​ရောဂါဖြစ်ပွားခဲ့ပြီးရန်ကုန်​ဆေးရုံကြီးမှာ ဝမ်း​ရောဂါလူနာ သြဂုတ် ၈ ကစတိုးလာတာဖြစ်ပါတယ်။

ဝမ်းရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်နေတာကြောင့် ရန်ကုန်မြို့တွင်းက တစ်ပါတ်ကြာပိတ်ခိုင်းထားတဲ့ဆိုင်တွေကို လက်ရှိအချိန်ထိ ပိတ်ခိုင်းထားဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့ ဝမ်းရောဂါဖြစ်ပွားသူတွေကို ရန်ကုန် ဆေးရုံကြီး အပါအဝင် ဆေးရုံပေါင်း ၆၅ ရုံမှာ ကုသရေး အဆောင်များ ဖွင့်လှစ်ထားပြီး ကုသမှုတွေပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

Facebook