Connect with us

Hi, what are you looking for?

သတင်း

IEC အရေးပေါ်ကယ်ဆယ်ရေးဌာန ဝန်ထမ်း ၁ဦးကို စစ်တပ်က မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

(သေဆုံးသူ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်းရုပ်အလောင်း သယ်ဆောင်လာစဉ်။ ဓာတ်ပုံ - ပေးပို့)

ဩဂုတ်-၂၃၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ဖရူဆိုမြို့နယ်မှာ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ဝန်ထမ်း ၁ဦးကို စစ်တပ်စစ်ကြောင်းက မျက်လုံးတွေဖောက်ထုတ် သတ်ဖြတ်သွားတယ်လို့ IEC တွဲဖက်အတွင်းရေးမှူး ဦးဗညားက လူထုနွေဦးကို ပြောပါတယ်။

IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲက ခူးဖဲသူဟာ အခုဩဂုတ် ၂၀ ရက်က ဖရူဆိုမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့ တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။

“၂၁ရက်နေ့ အလောင်းပြန်ရတယ် ဆေးအိတ် ကျဉ်ကာ အကုန်ပါသွားတယ်။မျက်လုံးတွေအဖောက်ခံရတယ် “လို့ ခူးဖဲသူ သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဗညားက ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဩဂုတ် ၂၂ရက်မှာ သေဆုံးသူရဲ့ ဈာပနပြုလုပ်ခဲ့ပြီး မိသားစု၀င်တွေနဲ့ IEC တာ၀န်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့၀င်အဖြစ် စွန့်လွှတ်ပြီး CDM လုပ်ခဲ့တဲ့ ခူးဖဲသူဟာ IEC အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲမှာ ၂၀၂၅ကစပြီး တာ၀န်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ကရင်နီဒေသတွင်း စစ်ရေးအရအရေးပါတဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို လမ်းမကြီး စိုးမိုးရေးနဲ့ ပိတ်မိနေတဲ့ ဖရူဆိုမြို့စောင့်တပ်တွေ စစ်ရေးလှုပ်ရှားနိုင်ဖို့စစ်တပ်က စစ်ရှိန်မြှင့်ပြီးကြိုးပမ်းနေတာဖြစ်ပါတယ်။

ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ အမှတ်(၁၄)တန်းမြင့်စစ်ရေးလေ့ကျင့်ရေးကျောင်း၊ ခြေမြန်တပ်ရင်း ခမရ-၅၃၁ နဲ့ ခမရ-၄၂၈ တပ်ရင်းတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။