Connect with us

Hi, what are you looking for?

သတင်း

ရေဖြူမှာ တရုတ်ကုမ္ပဏီက သတ္တုတူးဖော်ရေးအကြောင်းပြ ကျားဖြန့်လုပ်ငန်းလုပ်ဖို့ စီစဉ်နေတယ်လို့ PDF ဗျူဟာ (၃၃) ထုတ်ပြန်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ တရုတ်ကုမ္ပဏီက သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဩဂုတ်-၂၄၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ တရုတ်ကုမ္ပဏီက သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Delco ကုမ္ပဏီက တရုတ်နိုင်ငံသားရာနဲ့ချီခေါ်လာပြီး အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းကာ နောက်ထပ်အကြီးစား သတ္တုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကံပေါက်ကျေးရွာတောင်ပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်နေတာ ၃လ၀န်းကျင်ရှိပြီလို့ ဆိုပါတယ်။

အခုချိန်မှာ သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံသားတွေနဲ့ ကျားဖြန့်လုပ်ငန်းရှင်တွေ

Public Service Announcement

Public Service Announcement

ပါဝင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာကို သတင်းရရှိထားတယ်လို့ အသိပေးပါတယ်။

ကျားဖြန့်လုပ်ငန်းတွေ စီစဉ်နေတာနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို နည်းဗျူဟာ (၃၃) တာ၀န်ရှိသူကို လူထုနွေဦးက ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

Delco သတ္တုတူးဖော်ရေးကုမ္ပဏီဟာ ၂၀၀၈ ကတည်းက စတင်ပြီး အခုအချိန်အထိ လုပ်ပိုင်ခွင့်ထက်ကျော်လွန်ပြီး စည်းမဲ့ကမ်းမဲ့လုပ်ဆောင်တာကြောင့် မြစ်ချောင်း၊ အင်းအိုင်၊ သဘာဝပတ်ဝန်းကျင်တွေ

ပျက်စီးဆုံးရှုံးရတဲ့အပြင် မြေယာနဲ့ လူနေမှုဘဝတွေ ထိခိုက်နစ်နာမူရှိပြီး ၎င်းကုမ္ပဏီရဲ့ ဥပဒေမဲ့လုပ် ဆောင်ချက်တွေ ကြောင့် ရရှိလာတဲ့ ဆိုးကျိုးတွေ ကို နယ်မြေခံ ပြည်သူလူထု က နှစ်ပေါင်းများစွာခံစားလာခဲ့ရတယ်လို့ နည်းဗျူဟာ(၃၃) တာ၀န်ရှိသူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကံပေါက်တောင်ကရရှိမယ့် ကျောက်သတ္တုကို အမှုန့်ကြိတ်ဖို့အတွက် MOGEကနေ သဘာဝဓာတ်ငွေ့ဝယ်ယူပြီး Gas ပိုက်လိုင်းသွယ်တန်းကာ Gasတာဘိုင် စက်ရုံလည်ပတ်ဖို့လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

ကံပေါက်ဒေသရဲ့ တောတောင်သဘာဝ အလှတရားများ ပျက်စီးမှု ဒေသအတွင်းက ပြည်သူလူထုတွေရဲ့အသက်အိုးအိမ်နဲ့ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များကို ပျက်စီးဆုံးရှုံးစေတာ ရှေးဟောင်းအမွေအနှစ်‌ေတွပျက်စီးစေတဲ့ လုပ်ရပ်တွေ ကြောင့် တရုတ်ကုမ္ပဏီ အနေနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းပါတယ်။

လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်ပါက နောက်နောင်ဖြစ်ပေါ်လာမယ့် အကျိုးအဆက်တွေက ကုမ္ပဏီရဲ့တာဝန်သာဖြစ်တယ်လို့လည်းအမှတ် (၈၀၀၂) တပ်ရင်း၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။

တရုတ်-မြန်မာနယ်စပ်နဲ့ ထိုင်းနယ်စပ် မြဝတီ၊ ရွှေကုက္ကိုလ်ဒေသမှာ နှိမ်နင်းခံရပြီးနောက် ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းတွေဟာ ရန်ကုန်၊ မန္တလေးဒေသတွေကို ခြေရာဖျောက် ရွှေ့ပြောင်းလာကြပြီး နေရာအသစ်တွေ တိုးချဲ့လုပ်ကိုင်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံသားတွေကို ပြည်ပ အလုပ်အကိုင်ကောင်းတွေနဲ့ သွေးဆောင်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေဆီ ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရတဲ့ လူကုန်ကူးဂိုဏ်းသား ၁၇ ဦးကို တရုတ်က တရားစွဲဆိုလိုက်ပါတယ်။

သတင်း

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့နယ်၊ ၁၀၅မိုင် အနီး၊ခိုတိန်ကျေးရွာက ကျားဖြန့်ရုံကို တရုတ်ရဲတပ်ဖွဲ့နဲ့ စစ်တပ် ပူးပေါင်းစီးနင်းခဲ့ပြီး အဆောက်အအုံအတွင်းက ပစ္စည်းတွေအားလုံး ဒေသခံတွေကို အလကားပေးပြီး လက်စဖျောက်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကိုယ့်အိမ်မှာပဲကိုယ် အလုပ်လုပ်နေပေမယ့် ကျားဖြန့် အထင်ခံရပြီး ရဲက လာစစ်ဆေးတာ ကြုံတွေ့ခဲ့ကြောင်း ထိုင်းနိုင်ငံသား တစ်ဦးက လူမှုကွန်ရက်ပေါ်မှာ မျှဝေထားခဲ့ပါတယ်။

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။