Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာ စစ်အုပ်စုက အရပ်သား ၂၅ ဦးကို အစုလိုက် အပြုံလိုက်သတ်ဖြတ်မြေမြုပ်ထားတဲ့နေရာ ရှာတွေ့

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဓာတ်ပုံ- Naw Tu Aung

ကဖေး/People’s Spring

ဖားကန့်မှာ စစ်ကောင်စီနဲ့ဝါရာဇွပ် ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)အဖွဲ့ ကာလရှည်တပ်စွဲထားတဲ့ နေရာကို ဒေသခံတွေပြန်ဝင်ဖို့ရှင်းလင်းစဉ် သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်း၂၅ လောင်း မြှုပ်နှံထားတဲ့နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဖားကန့်မြို့မှော်ဝမ်းလေး ကျေးရွာမှာ ဒီနေ့ သြဂုတ်လ၂၄ ရက်နေ့လယ်ပိုင်းက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

” ရက်ရက်စက်စက်ကိုသတ်ဖြတ်ပြီး အလောင်း ဖျောက်ထားတာ။ အရပ်သားတွေဖြစ်နိုင်တယ်။ လအနည်းငယ်အကြာကသတ်ဖြတ်ခံထားရတာလို့ယူဆတယ်။ အမျိုးသားတွေအများစုပါတယ်။ ရုပ်အလောင်းတွေကိုလည်း စစ်တပ်နဲ့ ဆက်စပ်သူတွေပဲစစ်ဆေးနေကြတာ”လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

မှော်ဝမ်းလေးကျေးရွာကို ပြီးခဲ့တဲ့၂၀၂၅ ခုနှစ် ဇွန်လဆန်းမှာ စစ်ကောင်စီနဲ့ဝါရာဇွပ်ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တွေဝင်ရောက်လာပြီး တပ်စွဲထားတာဖြစ်ပါတယ်။ လက်ရှိ ဩဂုတ်လလယ်မှာ အရပ်သားတွေပြန်လည်ဝင်ရောက်နေထိုင်ဖို့ဆိုပြီး ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ဒေသခံတွေ ရှင်းလင်း‌ ရေးစတင်လုပ်ဆောင်ခဲ့ပါတယ်။

” စစ်တပ်က အတင်းဝင်ခိုင်းနေတာပါ။ တိုက်ပွဲတွေလည်းအချိန်မရွေးဖြစ်ပွားနိုင်တဲ့အနေအထားပါ။ အခုလိုအရပ်သားတွေသတ်ဖြတ်ခံရတဲ့သတင်းကြောင့် ဘယ်လိုမှမပြန်ရဲတော့ဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အရပ်သားတွေအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို စစ်ကောင်စီနဲ့ဝါရာဇွပ်ပြည်သူ့စစ်၊ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်တွေ ကျူးလွန်တာလို့ ဖားကန့်ဒေသခံအများစုကပြောပါတယ်။

ယမန်နှစ်နှစ်လည်ပိုင်းကစပြီး ဖားကန့်ကိုရောက်ရှိနေတဲ့စစ်ကြောင်းတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ရှမ်းနီတပ်၊ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ အင်အားထောင်ချီပြီးပါဝင်ပါတယ်။ အဲဒီစစ်ကြောင်းက အရပ်သားပြည်သူတွေကိုဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေလည်း ကျူးလွန်ကြားလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ ၎င်းတို့က လူမှုကယ်ဆယ်ရေးရုံးခန်းအချို့မှာလည်း လက်ရှိအချိန်အထိ တပ်စွဲထားပါတယ်။ ဒါ့အပြင် လမ်းသွားလမ်းလာတွေကိုစစ်ဆေးပြီး ပါလာတဲ့ငွေကြေးတွေကိုလုယက်ယူဆောင်တာတွေ၊ ဒေသခံတွေရဲ့နေအိမ်တွေကို ဓားပြတိုက်တာတွေ ဆက်တိုက်ကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ယနေ့ တွေ့ရှိတဲ့ရုပ်အလောင်းတွေက မည်သူမည်ဝါဖြစ်တယ်ဆိုတာကို မသိရသေးသလို သွားရောက်စုံစမ်းဖို့လည်းခက်ခဲတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဖားကန့်မှာ ပြီးခဲ့တဲ့နှစ် နှစ်လယ်ပိုင်းကစပြီး မှော်ဝမ်းလေးရွာအပြင် မှော်ဝမ်းကြီး၊ ၊ဖားပြင်နဲ့ အမှိုက်ပုံရွာ၊ ဆန်းကြွယ်ရွာ၊ယူမာရွာတွေမှာလည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံတွေ တိမ်းရှောင်ခဲ့ကြရပါတယ်။ စစ်ကောင်စီစစ်ကြောင်း တွေဝင်ရောက်လာပြီးတဲ့နောက်ပိုင်း သတ်ဖြတ်ခံရလို့သေဆုံးသူနဲ့ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှုတွေကြောင့်သေဆုံးသူ အရပ်းသာရှစ်ဆယ်ဦးထက်မနည်းရှိခဲ့တယ်လို့ ဒေသခံနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။

“သူတို့စစ်ကြောင်းတွေဝင်လာတုန်းက လမ်းသွားလမ်းလာတွေကိုသတ်ပြီး လမ်းဘေးတွေမှာထားခဲ့တာတွေ၊ ရေတွင်းနေတဲ့ထည့်ခဲ့တာပဲ ရှိတယ်။ မော်ဝမ်းလေးလို ဘယ်နေရာတွေမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေရှိဦးမလဲလို့ စိတ်ပူစရာကောင်းတယ်”လို့ ဖားကန့်ဒေသခံတစ်ဦးကပြောပါတယ်။

စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အဖွဲ့လို့ နာမည်ကြီးနေပါတယ်။ သြဂုတ်လလယ်ပိုင်းမှာ လူမှုကွန်ရက်အပေါ် ရုပ်သံအဖြစ်ပျံ့နှံ့လာခဲ့တဲ့ အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့တဲ့အဖွဲ့ဟာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့လို့ပြောဆိုမှုတွေရှိနေပါတယ်။ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကတော့ ငြင်းဆန်ထားပါတယ်။ ဩဂုတ်လဒုတိယပတ်ကပဲ ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ပြီး အလောင်းဖျောက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုတော့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က မငြင်းဆန်ဘဲ ဒေသခံတွေကိုလျော်ကြေးပေး စည်းရုံးဖို့ကြိုးစားနေပါတယ်။ အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်ဘူးလို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မှတ်ချက်ပြုထားပါတယ်။ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ကိုဦးဆောင်တဲ့ အသက်၄၀ ကျော်အရွယ် မင်းဇေသန့်ဆိုသူဟာ ရှမ်းနီလူမျိုးတစ်ဦးဖြစ်ပြီး လူမျိုးရေးပြဿနာတွေကိုဖန်တီးနေတယ်လို့ ဒေသခံရှမ်းနီတိုင်းရင်းသားတွေကိုယ်တိုင်ကဝေဖန်နေကြပါတယ်။

ဖားကန့်မှာ ယခုရက်ပိုင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိပေမယ့် စစ်ကောင်စီရဲ့လေကြောင်း ကင်း‌ ထောက်ပျံသန်းမှုတွေရှိနေပါတယ်။ ယနေ့သြဂုတ်လ၂၄ရက်ညနေပိုင်းမှာလည်း ဖားကန့်ကို လေကြောင်းတိုက်ခိုက်မယ့်သတင်းတွေကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

သတင်း

‎ကချင်ပြည်နယ်က မြစ်ဆုံရေကာတာစီမံကိန်း လုပ်လုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့အာဏာသိမ်းစစ်အုပ်စုက လူထုစည်းရုံးလှုံ့ဆော်မှုတွေကို ကြိမ်ပေါင်းများစွာပြုလုပ်ဖို့ စီစဉ်ထားတာဖြစ်လို့ ပြည်သူတွေအနေနဲ့ အဲဒီလုပ်ငန်းတွေမှာပါဝင်ခြင်းမပြုဖို့ ကချင်လူအခွင့်အရေးစောင့်ကြည့်အဖွဲ့ (KHRW)က ဒီကနေ့သြဂုတ်၁၁ရက်မှာပြည်သူသို့ မေတ္တာရပ်ခံချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်-မင်းတုန်းလမ်းပိုင်းမှာ စစ်အုပ်စုကိုတိုက်ခိုက်ရာ သေဆုံးသူတွေရှိကာ လက်နက်နဲ့ခဲယမ်းတချို့ သိမ်းရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ပါတယ်။