သြဂုတ်-၂၄၊၂၀၂၆။သုည/People’s Spring
သြစတြေးလျနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေက မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက် ရေး ဆန္ဒပြခြင်းကို သြဂုတ် ၂၃ ရက်က ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂူးမြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင်ရဲ့ မတရားဖမ်းဆီးခြင်းခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး အမြန်ဆုံးလွတ်မြောက်ရေး ဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြပါတယ်။
ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း မတရားဖမ်းဆီးခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement
ဒါ့အပြင် မဲလ်ဘုန်းမြို့ရောက် မြန်မာတွေကလည်း စစ်တပ်ရဲ့ ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာတွေ အပါအဝင် ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေမှုတွေကို ချက်ချင်းရပ်တန့်ရမယ်လို့ တောင်းဆိုခဲ့ကြပါတယ်။
ယင်းဆန္ဒပြပွဲကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲလ်ဘုန်းမြို့ရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ ပါဝင်ခဲ့ကြပါတယ်။


















































