အာဏာသိမ်းစစ်ကောင်စီသည် ဆိုးဝါးပြင်းထန်သော လူသတ်မှု နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပေါ်စေမည့် လေကြောင်းတိုက်ခိုက်မှုများအား လေးကေကော်ဒေသတွင် အချိန်မရွေး ပြုလုပ်လာနိုင်သည့် အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ဦးစီးလျက်အရေးပေါ်အစည်းအဝေးများကျင်းပပြီး လေကြောင်းပျံသန်းမှု့ကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် ဒီဇင်ဘာ ၂၀ရက်ကတည်းက ကေအဲန်ယူ-ဗဟိုက မှ ထုတ်ပြန်ချက် ထုတ်ပြန်တောင်းဆိုခဲ့ပါသည်ဟုလည်းဖော်ပြထားသည်။
ထိုသို့ထုတ်ပြန်ချက်ထုတ်ပြန်တောင်းဆိုနေသည့်ကြားမှာပင် အာဏာသိမ်းစစ်ကောင်စီသည် လေကြောင်းမှလာရောက် ပစ်ခတ်မှုများပြုလုပ်ခဲ့သည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နှင့်တကွ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ကေအဲန်ယူထုတ်ပြန်ချက်၏ အချက်(၅) အပိုဒ်(ခ)တွင်ပါဝင်သော လေးကေကော်ဒေသအား လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များအား လစ်လျူမရှုပဲ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးပါရန် ထပ်မံတောင်းဆိုအပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


















































