Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာတွေအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံရမှု တရားမျှတမှု ရှိစေရေး ဆက်ကြိုးပမ်းမယ်လို့ ဗြိတိန်နဲ့ ကနေဒါပြော

စစ်အုပ်စုကို လက်တွေ့ကျတဲ့ အရေးယူမှု လုပ်ဖို့ အချိန်တန်နေပြီလို့ NUG ထုတ်ပြန်

(၂၀၁၇ သြဂုတ်လမှာစစ်တပ်ရဲ့နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ အကြမ်းဖက်မှု​ကြောင့်ရိုဟင်ဂျာ​တွေ ဘဂ်လား​ဒေရှ်နိုင်ငံသို့ ထွက်​ပြေး​နေကြစဥ်။ဓါတ်ပုံ-The New Yourk Times)

ဩဂုတ်-၂၅၊၂၀၂၆။ထားမြတ်/People’s Spring

ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူအားလုံး လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ တရားမျှတမှု ရှိစေရေး ဆက်လက် ကြိုးပမ်းသွားမယ်လို့ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ်ရက်စက်မှုကျူးလွန်တာကိုးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးအကြီးအကဲ Andrew Jackson ကဩဂုတ် ၂၅ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

“ယူကေအစိုးရအနေနဲ့ အစဥ်တစိုက် အခိုင်အမာ ပြောကြားထားတဲ့အတိုင်း မြန်မာနိုင်ငံအတွင်းမည်သည့်နေရာဒေသတွင်မဆို ဖြစ်ပွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ခံမှု၊ တရားမျှတမှု ရှိစေရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အပါအဝင် နိုင်ငံတကာမိတ်ဖက်များနဲ့ပူးပေါင်းကာ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပြီး၊ ရိုဟင်ဂျာအသိုက်အဝန်းများအပါအဝင် မြန်မာပြည်သူအားလုံးရဲ့ အခွင့်အရေးများနဲ့ ဂုဏ်သိက္ခာ မြှင့်တင်ကာကွယ်ရေးအတွက်ကိုလည်း ဆက်လက် ကတိကဝတ်ပြု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”လို့ သံရုံးအကြီးအကဲကပြောကြားခဲ့တာပါ။

၂၀၁၇ ခုနှစ် သြဂုတ်လမှာ စစ်တပ်ကနယ်မြေရှင်းလင်း​ရေး​ခေါင်းစဥ်နဲ့ ရိုဟင်ဂျာအသိုက်အဝန်း​တွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှု​တွေကျူးလွန်ခဲ့ခြင်းဟာ ကိုးနှစ်ရှိခဲ့ပြီဖြစ်ပေမဲ့ ရိုဟင်ဂျာအသိုက်အဝန်းများဟာ ယနေ့တိုင် နှိပ်စက်ညှဉ်းပန်းမှု၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ အင်တာနက်အသုံးပြုခွင့်တွေအပေါ်ပြင်းထန်တဲ့ကန့်သတ်မှုများ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုနဲ့ ကြီးမားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဆက်လက် ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တရားမျှတမှု၊ တာဝန်ခံမှုနဲ့ ရိုဟင်ဂျာများကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနာဂတ်မှာအပြည့်အဝ ပါဝင်ခွင့်ပေးခြင်း မရှိဘဲ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသူများအားလုံးထံ အကူအညီများရောက်ရှိနိုင်စေဖို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်ရေးဟာလည်း အရေးကြီးတဲ့ ဦးစားပေးကိစ္စတစ်ရပ် ဖြစ်တယ်လို့ ဆိုပါတယ်။

“စိန်ခေါ်မှုများစွာ ဆက်ရှိနေတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ရိုဟင်ဂျာများနဲ့ အခြား လူနည်းစုအသိုက်အဝန်းများဆက်လက်ရင်ဆိုင်နေရတဲ့ အကြမ်းဖက်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ လိင်ပိုင်းဆိုင်ရာ နဲ့ ကျားမအခြေပြု အကြမ်းဖက်မှုများ အပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေဖို ကျွန်တော်တိုအထူးတိုက်တွန်းပါတယ်” လို့ဗြိတိသျှသံရုံးအကြီးအကဲကပြောပါတယ်။

ယနေ့ဟာရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာလူမျိုးများအပေါ် မြန်မာစစ်တပ်က အကြမ်းဖက်စစ်ဆင်ရေး စတင်ဆောင်ရွက်ခဲ့တာ ကိုးနှစ်

မြောက်ဖြစ်ပြီး အဆိုပါဖြစ်ရပ်ကြောင့် အရပ်သား ၇,၀၀၀ ဦး သေဆုံးခဲ့ရကာ ရိုဟင်ဂျာ ၈၀၀,၀၀၀ ခန့်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အကြီးအကျယ် လူအစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာမှု ဖြစ်ပေါ်ခဲ့တယ်လို့က​နေဒါသံရုံးက​​ဖော်ပြပါတယ် ။

ရိုဟင်ဂျာ ဒုက္ခသည်အရေးအကျပ်အတည်ဟာ ကမ္ဘာပေါ်မှာ ရေရှည်တည်ရှိနေဆဲဖြစ်တဲ့ အကြီးမားဆုံး ဒုက္ခသည်အရေးအကျပ်အတည်း​​တွေထဲ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေတယ်လို့ဆိုပါတယ်။ဒေသတွင်း၌ ရိုဟင်ဂျာ ၁.၃ သန်းကျော် နေရပ်စွန့်ခွာခဲ့ရတဲ့ အခြေအနေဖြစ်ပြီး ၁.၂ သန်းခန့်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခိုလှုံ့​နေရပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် လေတပ်စခန်းကနေ အမေရိကန် ဗုံးကြဲလေယာဉ်တွေ ရုပ်သိမ်းခဲ့တာဟာ ခြိမ်းခြောက်မှု အခြေအနေတချို့ ကြုံနေတာကြောင့် ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် သုတေသန လုပ်ငန်းတွေမှာ ငွေကြေးထည့်ဝင် ထောက်ပံ့ပြီး သူလျှိုလုပ်ငန်းတွေအတွက် အသုံးချနေနိုင်ကြောင်း ဗြိတိန် ထောက်လှမ်းရေးဌာန MI5က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာဖက်ကနေ ဝင်ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁.၂ သန်းကျော်ကြောင့် သူ့နိုင်ငံက ဖိစီးမှုတွေ အကြီးအကျယ် ကြုံတွေ့နေကြောင်း ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

Trending

Facebook