သြဂုတ် – ၂၇ ၊၂၀၂၆/People’s Spring
ရန်ကုန်-မန္တလေးအမြန်လမ်းမှာ မနေ့ (သြဂုတ် ၂၆ရက်) နေ့ခင်းပိုင်းက RLG ကားနံပါတ်ပြား (သာသနာရေး)တပ်ထားတဲ့ကားတစ်စီးတိမ်းမှောက်ရာမှာကားပေါ်ပါလာသူ လေးဦး သေဆုံးသွားတယ်လို့ အာဏာသိမ်းစစ်တပ် လက်အောက်ခံ အမြန်လမ်းထိန်းသိမ်းကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
မနေ့ နေ့ခင်းပိုင်း ၃ နာရီခန့်မှာ နေပြည်တော်ဘက်ကနေ မန္တလေးဘက်ဆီ အသွား မိုင်တိုင်အမှတ် ၂၆၇ အနီးမှာ အဲဒီကားဟာအရှိန်အထိန်းနိုင်ဘဲ လမ်းလယ် ကွန်ကရစ်အတားအဆီးကို တိုက်မိကာ တိမ်းမှောက်သွားတာပါ။
အဲဒီဖြစ်စဉ်မှာ ကားပေါ်မှာပါလာသူ ယာဉ်မောင်း အမျိုးသားနဲ့အမျိုးသမီး သုံးဦး စုစုပေါင်းလေးဦးတို့ နေရာမှာတင်သေဆုံးသွားတာလို့သိရပါတယ်။

Public Service Announcement
ဒါအပြင်ကားပေါ်ပါလာသူအမျိုးသားတစ်ဦးနဲ့အမျိုးသမီး နှစ်ဦးတို့လည်း ဒဏ်ရာရပြီး ဆေးကုသနေရပါတယ်။


















































