Connect with us

Hi, what are you looking for?

သတင်း

စစ်သင်္ဘောတွေ ရွှေကူမြို့ဘက် ထွက်ခွာ

ကချင်ပြည်နယ် ဦးတည်လာတဲ့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဒီကနေ့မနက်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာလာတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Screenshot

ဩဂုတ် ၂၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ် ဦးတည်လာတဲ့ စစ်သင်္ဘောတွေဟာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ဒီကနေ့မနက်မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်ကို ဆက်လက်ထွက်ခွာလာတယ်လို့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၅ရက်မှာ ကသာမြို့ကိုရောက်ရှိခဲ့တာဖြစ်ပြီး တစ်ရက်နားကာ ဩဂုတ် ၂၇ရက်မနက်မှာ ရွှေကူမြို့ကို ဆက်လက်ထွက်ခွာလာတာဖြစ်ပါတယ်။

စစ်ရေးဆိုင်ရာကိစ္စဖြစ်တဲ့အတွက် ကသာ-ရွှေကူ လမ်းကြောင်းတလျှောက် တော်လှန်ရေးတပ်တွေက စစ်သင်္ဘောအုပ်စုကို ကြားဖြတ်တိုက်ခိုက်နိုင်တဲ့ အလားအလာတွေကိုတော့ သတင်းရင်းမြစ်က အသိပေးတာမျိုး မရှိပါဘူး။ ကြိုမပြောသင့်တဲ့ ကိစ္စဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စစ်သင်္ဘောအုပ်စုဟာ မန္တလေးမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး လမ်းတလျှောက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်အချို့ရှိခဲ့ပါတယ်။

စစ်အုပ်စုဘက်ကလည်း လေကြောင်းကင်းထောက်တာ၊ မြစ်ကမ်းဘေးတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေကူမြို့နယ်မှာ စစ်သင်္ဘောလုံခြုံရေးအတွက် မြေပြင်က စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

အရင်နှစ်မိုးကာလတွေကလည်း စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်သင်္ဘောတွေနဲ့ အင်အားတွေဖြည့်တင်းခဲ့ရာ ကသာနဲ့ ရွှေကူမြို့နယ်ကြားမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ကောင်စီသင်္ဘောတွေ အထိနာအောင် တိုက်ခိုက်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။