Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်သံအရာရှိသေဆုံးမှုမှာအဖမ်းခံထားရတဲ့ထိုင်းအမျိုးသမီးကိုထောင် ၁နှစ်ချ

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ - AP

သြဂုတ် – ၂၈ ၊၂၀၂၆

အမေရိကန် သံအရာရှိ သေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ဖမ်းဆီးခံထားရသူ ထိုင်းအမျိုးသမီးကို ရန်ကုန်မြို့မှာရှိတဲ့ တရားရုံးတစ်ခုက လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ထောင် ၁ နှစ် ချမှတ်ခဲ့ပါတယ်။

ပါဗင်နီ ဆူပက်ဆီရီဗီဆန်ဆိုတဲ့ အမျိုးသမီးဟာ ကမာရွတ်မြို့နယ်ထဲ Sakura Rsidence ဟိုတယ်မှာ ခင်ပွန်းဟောင်းဖြစ်သူ အမေရိကန် သံအရာရှိသေဆုံးမှုမှာ အဓိက သံသယရှိသူအဖြစ် ထိန်းသိမ်းခံထားရပါတယ်။

အမေရိကန် အစိုးရနဲ့ အာဏာသိမ်း မြန်မာစစ်တပ်က သေဆုံးသူရဲ့ နာမည်ကို တရားဝင် မကြေညာပေမယ့် သတင်းဌာနတွေကတော့ မေလ ၁၁ ရက်နေ့က ဟိုတယ်ခန်းထဲမှာ တွေ့ရှိခဲ့တာဟာ အသက် ၄၃ နှစ်အရွယ် ဒန်နီရယ်လ် ပေါလ်ရီဗာရဲ့ အလောင်းဖြစ်တယ်လို့ ဖော်ပြထားကြပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားတဲ့ ဟိုတယ်ဟာ အမေရိကန် သံရုံးနဲ့ တစ်ကီလိုမီတာခွဲလောက်သာ ကွာဝေးပါတယ်။

ပေါလ်ရီဗာဟာ ဦးခေါင်းနဲ့ လည်ပင်းမှာ ထိုးသွင်းဒဏ်ရာတွေ ရထားပြီး သေဆုံးနေခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ သေဆုံးသူဟာ ဒေသဆိုင်ရာ လက်ထောက် လုံခြုံရေး အရာရှိတစ်ဦးလို့ မှတ်ချက်ပေးထားပါတယ်။

ပါဗင်နီဟာ လူသတ်မှု စွပ်စွဲချက်အတွက် အဖမ်းခံထားရပေမယ့် အဲဒီအမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ တရားစွဲဆိုမှုတွေ စတင်နေပြီလား ဆိုတာကိုတော့ မသိရသေးပါဘူး။ သူဟာ အဖမ်းခံရချိန် ကတည်းက အင်းစိန်ထောင်မှာ ထိန်းသိမ်း ခံထားရပါတယ်။

ဩဂုတ်လ ၂၅ ရက်နေ့မှာတော့ သူဟာ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ချိုးဖောက်မှုအတွက် ကမာရွတ် တရားရုံးရဲ့ ထောင်ဒဏ် ၁ နှစ် စီရင်ချက်ကို ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးကရော၊ ကမာရွတ် တရားရုံးကပါ အခုဖြစ်စဉ်အပေါ် အသေးစိတ် မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

ပါဗင်နီဟာ သေဆုံးသူ အမေရိကန် သံအရာရှိနဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လမှာ လက်ထပ်ခဲ့ပေမယ့် သူတို့နှစ်ဦး ကွာရှင်းခဲ့တဲ့ ကာလကိုတော့ တိတိကျကျ မသိရပါဘူး။

ကိုးကား – Thaiger

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ ဝမ်း​ရောဂါနဲ့​သေဆုံးသူဆက်တိုး​နေ​ပေမယ့် စစ်တပ်က သတင်း​တွေကိုထိမ်ချန်ထုတ်ပြန်​နေပါတယ် ။

သတင်း

ရန်ကုန်မြို့ရှိ မြို့နယ်တွေမှာ ဒီရက်ပိုင်း အရပ်ဝတ်တွေက အိမ်စီးကားတွေနဲ့ လူလိုက်ဆွဲတဲ့ ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်နေတယ်လို့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

သတင်း

ပဲခူးမြို့အနီးမှာ ဒီနေ့ နေ့မနက်ပိုင်း လှုပ်ရှားသခဲ့တဲ့ရစ်ခ်တာစကေး ၄.၆ အဆင့်ငလျင်ကို ရန်ကုန်မြို့မှာလည်း သိရှိခံစားခဲ့ပါတယ်။

သတင်း

ဝမ်းရောဂါဖြင့် သေဆုံးသူတစ်ဦးထပ်တိုးလာပြီး မိသားစုဝင်တွေကို နာရေးပြုလုပ်ခွင့်ပိတ်ထားတယ်လို့ သေဆုံးသူမိသားစုဝင်တစ်ဦးကပြောပါတယ်။