Connect with us

Hi, what are you looking for?

သတင်း

ငါးသိုင်းချောင်း- အိုင်သပြုလမ်းမှာ​​လှေမှောက် ဒေသခံနှစ်ဦးပျောက်ဆုံးနေ

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေလိုက်ပါလာတဲ့လှေတစ်စီးတိမ်းပြီးနှစ်ဦး ပျောက်ဆုံးနေပါတယ်။

(​ရေကြည်မြို့မှာ ​ရေကြီး​နေတာကို သြဂုတ်လကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-​ဒေသခံ)

သြဂုတ်-၃၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဧရာဝတီတိုင်း၊ငါးသိုင်းချောင်း-အိုင်သပြုလမ်းမှာ ဒီနေ့ မနက်ပိုင်းက ဒေသခံတွေလိုက်ပါလာတဲ့လှေတစ်စီးတိမ်းပြီးနှစ်ဦး ပျောက်ဆုံးနေပါတယ်။

ငါးသိုင်းချောင်း-အိုင်သပြုလမ်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေဟာ ‌လှေတွေနဲ့သာ သွားလာနေကြတာပါ။

“ရေစီးက အရမ်းသန်နေသေးတာ။ ဒေသခံတွေကလှေကိုအကျွမ်းတဝင်မရှိတော့မျောပါသွားတာပါ”လို့ ငါးသိုင်းချောင်းမြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

​လှေ​ပေါ်ပါသူ တစ်ဦးကို ကယ်တင်နိုင်​ပေမယ့်ပျောက်ဆုံးနေသူ ၂ ဦးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်ကိုမသိရသေးပါဘူး။ ဒေသခံလူမှုကူညီ ရေးအဖွဲ့ဖြစ်တဲ့ ကရုဏာကမ်းလက်အဖွဲ့ကလည်း ပျောက်ဆုံးနေသူနှစ်ဦးကိုရှာဖွေနေတယ်လို့ လူမှုကွန်ရက်ကတဆင့် အသိပေးထားပါတယ်။

ဩဂုတ်လ၂၇ ရက်ညကလည်းငါးသိုင်းချောင်းမြို့ရွာသစ်ကုန်းတံတားအနီးမှာလှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အမျိုးသား နှစ်ဦးအနက် တစ်ဦး‌ပျောက်ဆုံးသွားပြီး နောက်နှစ်ရက်အကြာမှာ ရုပ်အလောင်းပြန်လည်တွေ့ရှိခဲ့ပါတယ်။

ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ဇူလိုင်လ၃၀ရက်နေ့က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်းမြို့နယ်တွေထဲကကျေးရွာတွေပါ ရေကြီး နေပါတယ်။လက်ရှိမှာ လေးမျက်နှာ၊ ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ရေကျနေပေမယ့် ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေတက်နေဆဲဖြစ်ပါတယ်။ဒေသခံတွေဟာလှေတွေ၊စက်လှေတွေနဲ့ဝါးဖောင်တွေသုံးပြီးသွားလာနေရပါတယ်။

ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့သြဂုတ်လ၁၈ရက်နေ့ကလည်းလူတဦး ရေနစ်သေဆုံးခဲ့သလို ၊သြဂုတ်၁၉ရက်နေ့မှာ နောက်ထပ်တစ်ဦး သေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ငါးသိုင်းချောင်းမြို့နဲ့ ဆက်စပ်နေတဲ့ ရေကြည်မြို့နယ်မှာလည်း ဩဂုတ်လ၂၂ရက်နေ့ညနေက ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။

ရေဘေးကြောင့် သေဆုံးသူစာရင်းကိုစစ်အုပ်စုကတရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒေသတွင်းအရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ရေ‌ဘေးမှာ သြဂုတ်လ ၃၁ရက်နေ့အထိ ၁၄ဦးထက်မနည်းသေဆုံးထားပြီးငါးဦးထက်မနည်း ပျောက်ဆုံးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

စင်ကာပူ ကမ်းလွန်မှာ လှေတစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပေမယ့် လိုက်ပါလာသူ ၃၀ စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ သိရပါတယ်။