Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ကနေ စစ်တပ်ရဲ့ သင်္ဘောအုပ်စုအထက်ဘက်ဆီဆန်တက်လာ

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

(ဗန်းမော်မြို့ကို ရောက်လာတဲ့ စစ်ရေယာဉ်တွေ။ ဓာတ်ပုံ − စစ်ကောင်စီ)

စက်တင်ဘာ – ၅ ၊၂၀၂၆ /People’s Spring

မန္တလေးမြို့က တဆင့် အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောအုပ်စု အစီးရေ ၃၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်းအထက်ဘက်ဆီမနေ့ ( စက်တင် ဘာလ ၄ ရက်) ညပိုင်းမှာ စတင်ပြီး ဆန်တက်သွား တယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

မနေ့ ည ၉ နာရီခွဲခန့်မှာ မန္တလေးမြို့ ဧရာဝတီဆိပ်ကမ်းမှ တဆင့် သင်္ဘောကိုး စီး ခန့်စတင်ထွက်ခွာခဲ့ပြီးဒီမနက်ပိုင်းမှာတော့ မတ္တရာမြို့နယ်အတွင်းဖြတ်သန်းခဲ့ပါတယ်။

ဒီမနက် ၇ နာရီခန့်မှာ လည်းမန္တလေးမြို့ ပေပင်ဆိပ်ကမ်းတဆင့်နောက် ထပ် သင်္ဘော အစီး ၂၀ ဝန်းကျင်ဟာ ဒုတိယအသုတ်အနေနဲ့ ထပ်မံထွက်ခွာသွားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ သင်္ဘောအုပ်စု ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ဆီ ဆန်တက်ကာ ကချင်ပြည်နယ် ၊ဗန်းမော်မြို့ဆီ ဦးတည်နိုင်တယ်လို့ ဒေသတွင်းတော်လှန်ရေးအင်အားစု အချို့ကလည်း ယူဆထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်ကလည်း အာဏာသိမ်းစစ်တပ်ရဲ့ တိုက်ခိုက်ရေးသင်္ဘော နှစ်စီး ၊ ကုန်တင် သင်္ဘော ရှစ်စီးအပါအဝင် စုစုပေါင်း သင်္ဘော၁၅စီးဟာ မန္တလေး ကတဆင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ဆီ ဆန်တက်ရာမှာ မြစ်ကြောင်း တလျောက်မှာ တိုက်ခိုက်ခံခဲ့ရပါတယ်။

အဲဒီ သင်္ဘောအုပ်စုဟာ စက်တင်ဘာလ ၂ ရက်မှာတော့ ရွှေကူ မြို့နဲ့ ဗန်းမော်မြို့ကြား ဧရာဝတီမြစ်ကျဉ်းမှာ KIA နဲ့ ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကို အပြင်းအထန် ခံခဲ့ရပြီးနောက် ဗန်းမော်ဆီကို သင်္ဘော ခြောက်စီးသာရောက်သွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးကနေ ဗန်းမော်မြို့ကိုသွားတဲ့ စစ်သ င်္ဘောတွေတိုက်ခိုက်ခံရမှုအတွင်း စစ်တပ်ရဲ့ ဒရုန်းတပ်ဖွဲ့အရာရှိနဲ့အခြားအဆင့်တွေ အများအပြားသေဆုံးခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ပျက်စီးပြီး ရေမျောသွားတဲ့ သင်္ဘောလာဆွဲတဲ့ စစ်သင်္ဘောလည်း တိုက်ခိုက်ခံရ၊ သေဆုံးတဲ့ စစ်သားအလောင်းအချို့ ရေထဲမျောပါ

သတင်း

ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆိုးရွားနေတဲ့ မန္တလေးမြို့မှာ စိုင်းစိုင်းခမ်းလှိုင်ရှိုးပွဲ ပြုလုပ်ဖို့ စီစဥ်နေပြီး ရှိုးပွဲကို မြို့အစွန်ရွှေ့လိုက်တာကြောင့် လက်မှတ်ဝယ်ထားတဲ့ ပရိသတ်အချို့မသွားရဲတော့ဘဲ လက်မှတ်တွေစျေးလျှော့ပြီး ပြန်ရောင်းနေရကြောင်း မြို့ခံအချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်တပ်ရဲ့ ရေယာဉ် ၆စီး ဒီကနေ့ ဝင်ရောက်နိုင်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။