Connect with us

Hi, what are you looking for?

သတင်း

တာမွေမှာ ရေကြီးနေချိန် ရေမြောင်းထဲ ကလေး ၁ဦး မျောပါပျောက်ဆုံး

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်​နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြော​ပါတယ်။

စက်တင်ဘာ ၈၊ ၂၀၂၆။ မေရီ၊တာရာ/People’s Spring

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်​နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြော​ပါတယ်။

စက်တင်ဘာ ၇ ရက် ညနေပိုင်းက တာမွေမြို့နယ်၊၁၅၅လမ်းထိပ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လမ်းပေါ်အထိ ရေကြီးရေလျှံနေချိန် အသက် ၁၄ နှစ်ခန့်အရွယ် ကလေးငယ် ၁ဦးဟာ ရေစီးထဲဖိနပ်မျောပါလို့ လိုက်ဆယ်ရင်း ရေမြောင်းအတွင်း ပြုတ်ကျကာ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“မြောင်းတွေထဲလိုက်ရှာတာ မတွေ့သွားဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၈ ရက်မနက်ပိုင်းအထိ ရေထဲမျောပါသွားတဲ့ကလေးကို ရှာဖွေနေဆဲဖြစ်ပြီး တွေ့ရှိခြင်းမရှိသေးဘူးလို့ ဒေသခံအချို့က ပြောပါတယ်။ဒါ​ကြောင့်ကလေးငယ်ကို ပုဇွန်တောင်ချောင်းမှာ ဒီ​နေ့ဆက်လက်ရှာဖွေသွားမယ်လို့သိရပါတယ်။

“မနေ့ကလည်းရှာတယ်မတွေ့ဘူး။ ရေစီးသန်တော့မျောသွားတာ။ ဒီနေ့ကိုလည်းဆက်ပြီးရှာသွားမယ်။ညပုဇွန်တောင်ချောင်းမှာဆက်ပြီးရှာသွားမယ်။ တတ်နိုင်သလောက်တော့ကြိုးစားပြီးရှာနေပါတယ်”လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အဆိုပါကလေးငယ်ဟာသူငယ်ချင်းနှစ်ဦးနဲ့အတူ တာမွေစည်ပင်ဝန်ထမ်းအိမ်ရာဝန်းအနီးရှိ ရေမြောင်းမှာရေဆင်းဆော့ရာမှ ရေစီးနဲ့မျောပါသွားခဲ့တာလို့​ဒေသခံအချို့က​ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကလေးမှာ အသက် ၁၄ နှစ်အရွယ်ဖြစ်ပြီး တာမွေမြို့နယ်၊ ၁၅၄ လမ်းရှိ စည်ပင်ဝန်ထမ်းဝန်းအတွင်း နေထိုင်သူဖြစ်ပါတယ်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အဆိုပါနေရာအနီးရှိ ရေမြောင်းများအားရှာဖွေ​ပေမယ့်ယနေ့ ​နေ့ခင်းပိုင်းအထိ မတွေ့သေးပါဘူး။

ရန်ကုန်မြို့မှာစက်တင်ဘာ ၇ ရက်ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့လို့ မြို့လယ်နေရာအချို့ ရေကြီးရေလျှံခဲ့ပြီး ဘက်စ်ကားတွေထဲအထိပါ ရေတွေဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးဆက်ကြီးနိုင်တဲ့အတွက် ရေဘေးသတိပြုနေထိုင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာ ၇ရက်ကနေ စက်တင်ဘာ ၁၃ရက်အတွင်း စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ နေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MoSLHAက သတိ‌ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပျောက်ဆုံးသူတွေ့ရင် ဆက်သွယ်ပေးဖို့ မိသားစုအကူအညီတောင်း

သတင်း

ရန်ကုန်မြို့၊မင်္ဂလာတောင်ညွှန့်မြို့နယ်က စတိုးဆိုင်မှာ ဝင်ခိုးတဲ့သူတွေကအိမ်ရှင်တွေကို တိုက်ခိုက်ခဲ့တာ‌ ‌ကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး သက်ကြီးပိုင်းအမျိုးသမီး တစ်ဦး ဒဏ်ရာရကာ အရေးပေါ်အခြေအနေနဲ့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကားပစ္စည်းဈေးဝင်းအတွင်းမှာ သက်ကြီးပိုင် အမျိုး သား ၁ဦး အပူရှပ်ပြီး လေဖြန်းသွားခဲ့တယ်လို့ ဒေသခံနဲ့ လူမှုကူညီရေးအသင်းအဖွဲ့၀င်တချို့က ပြောပါတယ်။

သတင်း

အောက်တိုဘာ ၁၀ မှာ​ဒေသနှစ်ခုအပူချိန်စံချိန်သစ်တင်