Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘတ် ၉၂ သန်းကျော် အလွဲသုံးစားမှုနဲ့ အယုဒ္ဓယမှာ ထိုင်းဘုန်းတော်ကြီး အဖမ်းခံရ

ဘတ်ငွေ ၉၂ သန်းကျော် အလွဲသုံးစားပြုမှုနဲ့ ထိုင်းနိုင်ငံက ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါးကို ရဲတွေက ဖမ်းဆီးထားလိုက်ပါတယ်။

ဓာတ်ပုံ - Khaosod

ဘတ်ငွေ ၉၂ သန်းကျော် အလွဲသုံးစားပြုမှုနဲ့ ထိုင်းနိုင်ငံက ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါးကို ရဲတွေက ဖမ်းဆီးထားလိုက်ပါတယ်။

အယုဒ္ဓယမှာရှိတဲ့ ကိုးကွယ်ယုံကြည်သူ ပေါများတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း တစ်ခုရဲ့ ကျောင်းထိုင်ကို စက်တင်ဘာ ၁၀ ရက် မနက်ပိုင်းမှာ ရဲတွေ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ကျောင်းထိုင်ဟာ ဘုန်းတော်ကြီးကျောင်းရဲ့ ရန်ပုံငွေတွေကို အလွဲသုံးစား ပြုခဲ့တာကြောင့် အလွဲသုံးစားမှု၊ ဝတ္တရား ပျက်ကွက်မှု၊ ငွေကြေးခဝါချမှုနဲ့ တခြားပြစ်မှုတွေအတွက် အမှုရင်ဆိုင်ရမယ်လို့ ဆိုပါတယ်။

ထိုင်းရဲ့ ဗဟို စုံစမ်းစစ်ဆေးရေးဗျူရို (CIB) အရာရှိတွေဟာ ဝတ်ဖုထိုင်ဆာဝမ် ဘုန်းတော်ကြီးကျောင်းကို မနက်ပိုင်းမှာ ဝင်ရောက်စစ်ဆေးပြီး ကျောင်းထိုင်ဆရာတော် ဖရာဝမ်ချိုင်ရာယန်ကို ဖမ်းဆီးခဲ့ပါတယ်။ အဂတိနဲ့ အကျင့်ပျက် ခြစားမှုဆိုင်ရာ ဥပဒေတွေအရ သူ့ကို ဖမ်းဆီးနိုင်ဖို့အတွက် ဗဟိုရာဇဝတ် တရားရုံးက စက်တင်ဘာ ၈ ရက်နေ့မှာ ဖမ်းဝရမ်း ထုတ်ပေးထားခဲ့ပါတယ်။

CIBရဲ့ စုံစမ်းတွေ့ရှိချက်တွေအရ ကျောင်းထိုင်ဆရာတော်ဟာ ကျောင်းရန်ပုံငွေတွေကို ကိုယ်ရေးကိုယ်တာအတွက် အလွဲသုံးစား လုပ်ခဲ့ရုံသာ မကဘဲ ပိုင်ဆိုင်မှုတွေရဲ့ မူလရင်းမြစ်ကို ဖုံးကွယ်ဖို့၊ ပုံစံပြောင်းဖို့ ရည်ရွယ်ပြီး အမျိုးသမီး တစ်ဦးဆီ လွှဲပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီ အလွဲသုံးစားမှုကြောင့် နစ်နာဆုံးရှုံးမှု ပမာဏဟာ ဘတ် ၉၂ သန်းကျော်ထိ များပြားတယ်လို့လည်း ရဲတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လွန်ခဲ့တဲ့ ၂ နှစ်ကျော်လောက်အတွင်း ဖြတ်ပိုင်း ၂၀ ကျော်ကို အသုံးပြုပြီး ဘုန်းကြီးကျောင်း ရန်ပုံငွေတွေကို ခွင့်ပြုချက်မဲ့ ထုတ်ယူထားခဲ့တာ စုစုပေါင်း ဘတ် ၉၂ သန်းကျော်ဖိုးလောက် ရှိနေတယ်လို့ သိရပါတယ်။

ကျောင်းထိုင်ဘုန်းကြီး သီတင်းသုံးတဲ့ အဆောင်က လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကို စစ်ဆေးတဲ့ အခါမှာလည်း ကြံရာပါ အမျိုးသမီးနဲ့ အတော်ကြီး ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေး ရှိနေတာကို တွေ့ရှိရကြောင်း ရဲတွေက ဆိုပါတယ်။ ရဲတွေက ကျောင်းထိုင် ဘုန်းကြီးကို CIB ဌာနချုပ် ခေါ်ယူစစ်ဆေးဖို့ စီစဉ်ထားသလို အမှုနဲ့ ပတ်သက်လို့ အထောက်အထား အသစ်တွေကိုလည်း ရှာဖွေနေပါတယ်။

ကြံရာပါအဖြစ် စွပ်စွဲခံရသူ အမျိုးသမီးလည်း ထိန်းသိမ်းခံထားရပါတယ်။

အဖမ်းခံရတဲ့ ဆရာတော်ဟာ အဆောင်လက်ဖွဲ့တွေ ဝေငှပေးရာက ကိုးကွယ်သူတွေကြားမှာ လူသိများ နာမည်ကျော်လာခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား – Khaosod

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး သံဃာတော် ၁၀ ပါး ပျံလွန်တော် မူခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ရဲတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံတကာ

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ၈၀ ကျော်ကို ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်မယ့် အစီအစဉ်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

အမျိုးသမီး တစ်ဦးနဲ့ လိင်ဆက်ဆံထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရှာတွေ့ခဲ့တဲ့နောက် ဘန်ကောက်မြို့က ထင်ရှားတဲ့ ဘုန်းတော်ကြီး နှစ်ပါးကို ထိုင်းရဲတွေက လူဝတ်လဲစေခဲ့ပါတယ်။