Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လတ်တလော အရှုပ်တော်ပုံတွေကြောင့် ဘုန်းကြီးတွေကို ဘွဲ့ထူး ဆက်ကပ်မယ့် အစီအစဉ် ထိုင်းဘုရင် ရုပ်သိမ်း

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ၈၀ ကျော်ကို ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်မယ့် အစီအစဉ်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်ပါတယ်။

Bangkok Post

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး ၈၀ ကျော်ကို ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်မယ့် အစီအစဉ်ကို ထိုင်းအစိုးရက ပယ်ဖျက်လိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ လူသိထင်ရှားသူတွေ အပါအဝင် ဘုန်းတော်ကြီး တချို့ရဲ့ လိင်မှုကိစ္စ အရှုပ်တော်ပုံ ဇာတ်လမ်းတွေ ပေါက်ကြားပြီး လူထုကြား ဒေါသတကြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်မှာ ထိုင်းဘုရင်က ဘုန်းတော်ကြီး ၈၁ ပါးကို ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်ဖို့ ကိစ္စကို ဖျက်သိမ်းလိုက်တာလည်း ဖြစ်ပါတယ်။

ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းရဲ့ ဆုံးဖြတ်ချက်ကို ဇူလိုင် ၁၅ ရက်နေ့က တော်ဝင် ပြန်တမ်းထဲမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။ မူလကတော့ ဘုရင်ရဲ့ အသက် ၇၃ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ဘုန်းတော်ကြီး ၄ ပါးကို တော်ဝင် ဘွဲ့ထူးဂုဏ်ထူးတွေ ဆက်ကပ်ပြီး တခြား ၇၇ ပါးကို သာသနာရေးဆိုင် ဘွဲ့တံဆိပ်တွေ ဆက်ကပ်ဖို့ လျာထားခဲ့တာပါ။

ထိုင်းဘုရင်က အထင်ကရ ကျောင်းထိုင်ကိုယ်တော်တွေ အပါအဝင် တချို့သော ဗုဒ္ဓဘာသာ ရဟန်းတော်တွေက ဆိုးဆိုးရွားရွား ဝိနည်းချိုးဖောက်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ သတင်းတွေအပေါ် အထူးတလည် စိုးရိမ်နေကြောင်းလည်း တော်ဝင်မိသားစုက ဖော်ပြထားပါတယ်။ အဲဒီဖြစ်ရပ်တွေဟာ ထိုင်းဗုဒ္ဓဘာသာဝင်တွေအပေါ် စိတ်ပျက်မှု၊ စိတ်ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ဘုရင်က သဘောပေါက် နားလည်ထားတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၅ ရက်နေ့မှာတော့ လတ်တလော ထိုင်းမှာ လူသိများနေပြီး ဆီကာဂေါ့ဖ်လို့ ခေါ်ဆိုကြတဲ့ အမျိုးသမီး တစ်ဦးကိုလည်း ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ သူဟာ ထိုင်းနိုင်ငံထဲက ဘုန်းတော်ကြီးတွေကို စည်းရုံးသိမ်းသွင်းပြီး အတူလိင်ဆက်ဆံထားတဲ့ ဓာတ်ပုံ၊ ဗီဒီယို မှတ်တမ်းတွေကို ငွေညှစ်ဖို့ အသုံးချနေကြောင်း စွပ်စွဲ ခံထားရပါတယ်။ အယုဒ္ဓယမှာ ဘုန်းတော်ကြီး တစ်ပါးက သူ့ဆီကို ဘတ် ၃ သိန်း ၈ သောင်း ငွေလွှဲပေးထားတာကို စစ်ဆေးတွေ့ရှိပြီးတဲ့နောက် ဆီကာဂေါ့ဖ်က အဖမ်းခဲ့ရတာပါ။

အခုဖြစ်စဉ်ဟာ ကျောင်းထိုင် ဘုန်းတော်ကြီးဟောင်း ဖရား သပ်ပတ်ချာရာပေါင်က ဘုန်းကြီးကျောင်း ရန်ပုံငွေတွေ ကိုယ်ကျိုးရှာ အလွဲသုံးစား လုပ်ခဲ့တယ်ဆိုတဲ့ အရင်အမှုဟောင်းနဲ့လည်း ဆက်နွှယ်နေတယ်လို့ ဆိုပါတယ်။ ဆီကာဂေါ့ဖ်ရဲ့ ဖုန်းထဲက ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ပေါက်ကြားပြီးတဲ့နောက် ထိုင်းမှာ ဘုန်းတော်ကြီး တချို့ကိုလည်း အာဏာပိုင်တွေနဲ့ သာသနာပိုင်တွေက လူဝတ်လဲစေခဲ့ပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

ဘတ်ငွေ ၉၂ သန်းကျော် အလွဲသုံးစားပြုမှုနဲ့ ထိုင်းနိုင်ငံက ကျောင်းထိုင် ဘုန်းတော်ကြီးတစ်ပါးကို ရဲတွေက ဖမ်းဆီးထားလိုက်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီး သံဃာတော် ၁၀ ပါး ပျံလွန်တော် မူခဲ့တဲ့ ယာဉ်တိုက်မှုနဲ့ ပတ်သက်လို့ ရဲတွေက ပိုပြီး နက်နက်ရှိုင်းရှိုင်း တူးဆွ စုံစမ်းမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

အသက် ၁၁ နှစ်သားအရွယ် ကလေးငယ်က ဖခင်ရဲ့ကားကို ခိုးမောင်းရင်း အရှိန်နဲ့ ဝင်တိုက်ခဲ့တာကြောင့် ပျံလွန်တော် မူခဲ့တဲ့ ထိုင်းသံဃာတော် အရေအတွက်ဟာ ၁၀ ပါးထိ မြင့်တက်လာခဲ့ပါတယ်။

Facebook