Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်နက်ကြီး​ကြောင့် စဉ့်ကူးကစစ်​ရှောင်လင်မယားနှစ်ဦးဒဏ်ရာရ

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

(လက်နက်ကြီးကျည်ဒဏ်ရာရတဲ့စစ်​ရှောင်အမျိုးသမီးနဲ့ ​ဒေသခံအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-​ပေးပို့)

စက်တင်ဘာ-၁၄၊၂၀၂၆။ကတ်သရင်း/People’s Spring

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စက်တင်ဘာလ၁၄ရက် နေ့၊မနက် ၉ နာရီ ကျော်မှာကျွန်းကြီးရွာမှာ တပ်စွဲထားတဲ့ စစ်တပ်က ရွာရဲ့ အနောက်ဘက်ကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။အဲဒီလက်နက်ကြီးဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းရွာသာရွာရဲ့ မြောက်ဘက်ကိုကျပြီးစစ်ရှောင် လင်မယားနှစ်ဦး ထိမှန်ခဲ့တာလို့သိရပါတယ်။

“ထိတဲ့အမျိုးသမီးက တော့လက်ကောက်ဝတ်ပြတ်သွားတယ်ပြောတယ်။သူ့ယောကျာ်းလည်း လက်ထိတယ်တဲ့။မနက်က ကျွန်းတွေပေါ်လည်း ဒရုန်း တွေဝဲတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး ထိမှန်သူတွေဟာ စဉ့်ကူးမြို့နယ်အနောက်ခြမ်း၊ကြက်တူရွေး ရွာကဖြစ်ပြီး စစ်ရှောင်ရင်းအလုပ်လုပ်​နေတုန်းမှာ လက်နက်ကြီးကျည် ထိခဲ့တာဖြစ်ပါတယ်။

ကြက်တူ​ရွေးရွာကိုစစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ပြည်သူတချို့သေဆုံးဒဏ်ရာရပြီးတဲ့နောက် ဒေသခံတွေဟာရွာမှာမ​နေရဲ​တော့ဘဲရှောင်တိမ်းနေထိုင် နေကြတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စဉ့်ကူးမြို့နယ်အနောက်ခြမ်းမှာ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှု ကြောင့် ဩဂုတ်လအတွင်းမှာ ပြည်သူ၃ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။