Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော် ကောင်ဂျာယန်တိုက်ပွဲ စစ်တပ်ထံက လက်နက်မျိုးစုံ ၅၀ခန့်နဲ့ ကျည်ခဲယမ်းတွေ KIA ပူးပေါင်းတပ်သိမ်းရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(စစ်တပ်စစ်​ကြောင်းထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ဓါတ်ပုံ-​ပေးပို့ )

စက်တင်ဘာ ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ကောင်ဂျာယန်ကျေးရွာဘက် ထိုးစစ်ဆင်လာလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စက်တင်ဘာ ၁၂ရက်ညနေပိုင်းကနေ စက်တင်ဘာ ၁၄ရက်အထိ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်က သေဆုံးသူ ၄၀ကျော်ရှိသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကို အရှင်ဖမ်းမိခဲ့ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့က ကောင်ဂျာယာန်မှာ ရတဲ့ လက်နက်ခဲယမ်းတွေ” လို့ ကချင်သတင်းရင်းမြစ်က သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းကို ပြသပါတယ်။

ရုပ်သံမှတ်တမ်းပါ လက်နက်ခဲယမ်းတွေကို ရေတွက်ကြည့်ရာ လက်နက်ကြီးငယ်မျိုးစုံ အလက် ၅၀ခန့်နဲ့ လက်ပစ်ဗုံးတွေ၊ ကျည်တွေ၊ အီနာဂါဗုံးသီးတွေ ကျည်ဘေက်တွေ၊ လက်နက်ကြီးကျည်တွေ၊ RPG ဗုံးသီးတွေ၊ ဒရုန်းဂျန်ဘာနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းရထားတာကို တွေ့ရပါတယ်။

စစ်တပ်ဟာ ဗန်းမော်မြို့နယ် စင်းခန်းတံတားအနီး တိုက်ပွဲနဲ့ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးတိုက်ပွဲတွေမှာလည်းအထိနာလျက်ရှိပါတယ်။ အဲဒီဒေသ တိုက်ပွဲတွေမှာလည်း KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်ဘက်က တပ်ရင်းမှူးအဆင့် အရာရှိတွေအပါအဝင် သေဆုံးထိခိုက်များပြားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို ရေကြောင်းကနေ စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းနေသလို မြေပြင်ကလည်း ထိုးစစ်ဆင်တာတွေ တပြိုင်တည်းလုပ်ဆောင်ခဲ့ပေမဲ့ အဲဒီ စစ်ဆင်ရေးနှစ်ခုလုံး အောင်မြင်မှု မရှိဘဲ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုအောက်မှာ သင်္ဘောတွေ ထိခိုက်ပျက်စီးတာ၊ စစ်ကောင်စီတပ်တွေသေဆုံးထိခိုက် စစ်သုံ့ပန်းဖြစ်ရတာတွေများစွာ ရှိခဲ့ပြီး စစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကျရှုံးလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook