Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ပွဲမှာ စစ်တပ်ရဲ့ ခြေကုတ်နေရာအချို့ကို AA သိမ်းပိုက်

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

(အမ်းမြို့မှာအ​ခြေစိုက်တဲ့ အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)သိမ်းတိုက်ပွဲကို ၂၀၂၄ ခုနှစ်မှာ AAတပ်ဖွဲ့ဝင်​တွေဆင်နွှဲ​နေကြစဥ်။ ဓါတ်ပုံ-AA Infodesk)

စက်တင်ဘာ-၁၇၊၂၀၂၆။ခိုင်မြတ်/People’s Spring

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ၄၉၂၆ စစ်ဆင်ရေးလို့ဆိုပြီး စစ်တွေမြို့နယ်ဘက်ကနေ AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့ နယ်ဘက်ဆီကို စက်တင်ဘာလ ၄ ရက်နေ့ကစတင်ထိုးစစ်ဆင်နေခဲ့တာဖြစ်ပါတယ်။ဒါ​ပေမယ့်စစ်တပ်စစ်​ကြောင်း​တွေကို အာရက္ခတပ်​တော်က ဖြတ်​တောက်တိုက်ခိုက်တာ​ကြောင့် ​ရှေ့မတိုးနိုင်ဘဲနောက်ပြန်ဆုတ်ပြေးနေရပြီး စစ်တပ်စခန်း​နေရာအချို့ကိုပါသိမ်းပိုက်နိုင်နေတာဖြစ်ပါတယ်။

စစ်တပ်အခြေချနေထိုင်ခဲ့တဲ့ အမြင့်ကျွန်းတံတား၊ ရွှေမင်းဂံရေတပ်စခန်းအနီး ကံကော်ကျွန်းဝန်းကျင်ကာကင်းနဲ့ စစ်ဆင်ရေးနောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်တပ်ခြေကုတ်နေရာယူထားခဲ့တဲ့ စပါးထား၊ ဆားပို့တောင်၊ ခမောင်းတောရွာဝန်းကျင်တို့က နေရာအချို့ကို AA က သိမ်းပိုက်ရထားတာလို့ AA နဲ့နီးစပ်တဲ့ မြေပြင်သတင်း ရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကိုယ့်ဘက်ကရထားတာတွေရှိပါတယ်။စပါးထားဘက်ကနေရာတွေရတယ်။တခြားလည်း ရထားတာတွေရှိ တယ်။ အကုန်လုံး ထုတ်ပြောဖို့မကောင်းလို့ပါ။အစပိုင်းမှာတော့ သူ့ဘက်က ရလိုက်၊ ကိုယ့်ဘက်က ရလိုက်ပဲ၊ အခု တော့ ဒီကောင်တွေရှေ့မတိုးနိုင်တော့ဘူး။ ပိတ်နေပြီ”လို့၎င်းကဆက်​ပြောပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားနဲ့ ရွှေမင်းဂံရေတပ်စခန်းတို့ကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ဆီ အင်အားထောင်ချီသုံးပြီး ​လေ​ကြောင်း ၊ရေတပ်သ​ဘော်​တွေနဲ့ လက်နက်ကြီးပစ်ကူ​ပေးကာ မြေပြင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။ အမြင့်ကျွန်းဘက်ကလာတဲ့ စစ်ကြောင်းဟာ တိုက်ပွဲပထမရက်မှာပဲနောက်ပြန်ဆုတ်သွားခဲ့ရပြီးအရင်ကတည်းကအထိုင်ချခဲ့တဲ့တံတားပေါ်ကနေပါ နောက်ဆုတ်သွားခဲ့ ရတာဖြစ်ပါတယ်။

ရွှေမင်းဂံဘက်ကတက်လာတဲ့စစ်ကြောင်းကဝါဘိုကျွန်းအနီးအောင်မြေကုန်း၊ ဆားပို့တောင်၊ ရဲရိုးပြင်ရွာဝန်းကျင်မှာပဲ ရှိနေသေးပါတယ်။ ဒါပမေယ့် ရှေ့မတိုးနိုင်တော့ဘဲ AA ရဲ့ တန်ပြန်ထိုးစစ်ကို ခုခံနေရပြီး နေ့တိုင်း သေ ဆုံးသူဆယ်ဂဏန်းနဲ့ အထိနာနေကာ လက်နက်ချအလင်းဝင်သူတွေပါ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းကနေ ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို စစ်ကျွံရောက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အဲဒီစစ်ကြောင်းနဲ့ AA တို့ ရဲရိုးပြင်ရွာအနီးတိုက်ပွဲပြင်းထန်နေတယ်လို့ စုံစမ်းသိရပါတယ်။ “ကိုယ့်ဘက်က အသာစီးရထားတယ်။ သူတို့ ရှေ့တိုးလို့မရတော့ဘူး။ (AA ရဲ့)ထိုးစစ်ကို မခံနိုင်ရင်သူ့အလိုလိုဆုတ်ပြေးသွား လိမ့်မယ်။ ပြေးတဲ့ကောင်တွေလည်း ရှိတယ်” လို့ အခြားစစ်ရေးသတင်းရင်းမြစ်တဦးကပြောပါတယ်။

AAက ပုဏ္ဏားကျွန်းမြို့နယ်ဘက်ခြမ်းကို ရောက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေကို တိုက်ခိုက်နေသလို စစ်တွေ မြို့နယ်ပါဒလိတ်တပ်ရင်အနီးရှိအမြင့်ကျွန်းရွာဝန်းကျင်၊ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ်(ဒကစ စစ်တွေ)၊ကျားမသောက်တပ်ရင်းတို့အနီး တောကန်ရွာဝန်းကျင်နဲ့ ကံ့ကော်ကျွန်း၊ ဇော်မတက်ရွာအနီးဝန်းကျင်စခန်းတွေကိုပါ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

မြေပြင်တိုက်ပွဲမှာ အထိနာနေတဲ့ စစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ဆက်စပ်နေတဲ့ပုဏ္ဏားကျွန်း၊ပေါက်တောမြို့နယ်တို့ကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်၊ တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေပါတယ်။စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းနဲ့ ညနေပိုင်းမှာလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက တိုက်ပွဲနဲ့ ဆက်စပ်နေရာ တွေကို လေယာဉ်အုပ်လိုက်သုံး ဗုံးကြဲခဲ့ပြီး နေ့လယ်ပိုင်းမှာ မြောက်ဦးမြို့ဝန်းကျင်ကိုပါ ဗုံးကြဲခဲ့ပါတယ်။

“တိုက်ပွဲမှာ တော်တော်နာနေတယ် ပြောကြတယ်။ သိလည်း သိသာတယ်။ လေယာဉ်နဲ့ ဗုံးကြဲနေတာ ငါးရက်လောက် ဆက်တိုက်ရှိနေပြီ။တရက်မပျက်သေးဘူး”လို့ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

စစ်တပ်ဟာ၄၉၂၆စစ်ဆင်ရေးလို့နာမည်တပ်ပြီး ထိုးစစ်စခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကနေ ဒီနေ့ထိ နှစ်ပတ် အတွင်း စစ်တွေစစ်မျက်နှာမှာ သေဆုံးရသူ ရာနဲ့ချီရှိပြီဖြစ်တယ်လို့ AA သတင်းရင်းမြစ်တွေက ပြောထား ကြပါတယ်။

ဒါ့အပြင် ကျောက်ဖြူ၊ မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ် တို့မှာလည်း စစ်တပ်ဘက်က ​သေဆုံးထိခိုက်သူ​တွေ၊လက်နက်ချသူ​တွေများနေတယ်လို့ စစ်​ရေးသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်တွင်းနဲ့ ရခိုင်အစပ်နေရာ တွေကို ထိုးစစ်လုပ်နေပေမယ့် လက်တွေ့မှာတော့ နှစ်ပတ်ကြာတဲ့ထိ AA စခန်းကို သိမ်းနိုင်တာမရှိဘဲ သူတို့ရဲ့ စခန်း တွေနဲ့ ခြေကုတ်နေရာတွေသာ ထပ်ပြီးလက်လွှတ်နေရတာပါ။

အာရက္ခတပ်​တော်က ရခိုင်ပြည်နယ်မှာ စစ်​တွေ၊​ကျောက်ဖြူ ၊မာန်​အောင် မြို့နယ်တို့မှအပ ကျန် ၁၄ မြို့နယ် နဲ့ ချင်းပြည်နယ်ကပလက်ဝမြို့နယ်တို့ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ် ။စစ်​တွေနဲ့​ကျောက်ဖြူကစစ်တပ်စခန်း​တွေကိုလည်းထိုးစစ်ဆင်တိုက်ခိုက်​နေတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။