Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ် ပေါက်တောရွာ နေအိမ်များကို ဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

နေအိမ်များအပါအဝင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနှင့် အတွင်းပစ္စည်းများ ဖက်ဆီးခိုးယူခံရသည့် ပေါက်တောကျေးရွာသည် မြို့ကြီးကျေးရွာအုပ်စုအတွင်း တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

▫️သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ပေါက်တောကျေးရွာအတွင်း ဝင်ရောက်စီးနင်းကာ နေအိမ်များဖျက်ဆီးပြီး ပြန်ထွက်လာသည့် စစ်ကောင်စီတပ်အား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦး)က ထုတ်ပြန်သည်။

(ပေါက်တောကျေးရွာရှိနေအိမ်များ စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်)

စစ်ကောင်စီတပ်များသည် ယမန်နေ့(ဒီဇင်ဘာ ၂၄) ကတည်းက ပေါက်တောရွာအတွင်း လာရောက်တပ်စွဲခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးခြင်း၊ ရွှေ၊ ငွေနှင့် လက်ဝတ်ရတနာကဲ့ သို့ အတွင်းပစ္စည်းများ ခိုးယူခြင်း စသည်တို့ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

(ပေါက်တောကျေးရွာရှိနေအိမ်များ စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်)

ထိုသို့ ကျေးရွာအတွင်းရှိ ပြည်သူပိုင်ပစ္စည်းများအား ခိုယူခြင်းနှင့် ဖျက်ဆီးခြင်းများကျူးလွန်ပြီးနောက် ပေါက်တောရွာမှ ရွာမဿာ၊ အောင်သာနှင့် မုတ်စီရွာများဘက် ဦးတည်ထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသကာ ကွယ်ရေးတပ်များက လမ်းခုလပ်မှနေ၍ မိုင်းနှစ်လုံး၊ စိန် ပြောင်းနှစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ပကဖ(ရေဦး)က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“စစ်ကြောင်းဝင်တယ်၊ မွှေတယ်၊ ရွှေတွေငွေတွေကအစ ကျင်းတူးမြှပ်ထားတဲ့ ပစ္စည်းတွေပါ ယူသွားတယ်။ အခုတော့ ဒီကောင်တွေ(စစ်ကောင်စီတပ်)မရှိတော့ဘူးဗျ။ ကျင်းအောင်းသွားပြီ”ဟု ပကဖ(ရေဦး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ပေါက်တောကျေးရွာရှိနေအိမ်များ စစ်ကောင်စီတပ်၏ ဖျက်ဆီးခြင်းခံခဲ့ရသည်)

ယနေ့(ဒီဇင်ဘာ ၂၅)ညနေပိုင်းတွင်လည်း ရေဦးမြို့နယ် ခင်ပင်ကျေးရွာအုက်စုသို့ရောက်ရှိနေသည့် စစ်ကောင်စီတပ်များက ပြည်သူပိုင်နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးလျှက်ရှိကြောင်း ကပဖ(ရေဦး)ထံမှ သိရသည်။

နေအိမ်များအပါအဝင် ရွှေ၊ ငွေ၊ လက်ဝတ်ရတနာနှင့် အတွင်းပစ္စည်းများ ဖက်ဆီးခိုးယူခံရသည့် ပေါက်တောကျေးရွာသည် မြို့ကြီးကျေးရွာအုပ်စုအတွင်း တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။