Connect with us

Hi, what are you looking for?

သတင်း

ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ ပြိုင်ပွဲအတွက်ဆေးစစ်ဝိတ်ချိန်မှု အောင်မြင်

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - UFC

“မနက်ဖြန်ကျရင် သူနိုင်၊ကိုယ်နိုင် အပြိုင်ကြဲမှာပဲ။ အဲဒါကို စိတ်ချထားလိုက်ပါ”

— ဂျိုရှုအာဗန်

“ဒီပွဲက အခွင့်အလမ်းကောင်းပါ။ ဒီဇင်ဘာမှာ ဖြစ်ခဲ့သလို မနက်ဖြန်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး”

— ပန်တိုဂျာ

စက်တင်ဘာ ၁၉၊၂၀၂၆။သုည/People’s Spring

UFC 331 ပြိုင်ပွဲရဲ့ ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ တရားဝင်ဆေးစစ်ဝိတ်ချိန်မှု ဒီကနေ့ (စက်တင်ဘာ ၁၉ ရက်) ပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်း UFC က ထုတ်ပြန်ပါတယ်။

UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ဂျိုရှုအာဗန်နဲ့ ချန်ပီယံဟောင်း ပန်တိုဂျာ တို့ဟာ မနက်ဖြန် (စက်တင်ဘာ ၂၀) မြန်မာစံတော်ချိန် နံနက် ၈ နာရီမှာ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် UFC-331 ပြိုင်ပွဲရဲ့ Main Event (အဓိကခေါင်ပွဲ) အဖြစ် ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ကာကွယ်ပွဲ ထိုးသတ်မှာ ဖြစ်ပါတယ်။

ဆေးစစ်ဝိတ်ချိန်အပြီးမှာတော့ Final Face-Off ပြုလုပ်ခဲ့ပြီး မနက်ဖြန်ပွဲနဲ့ ပတ်သက်ပြီး ကစားသမားတွေကို UFC က အင်တာဗျူးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ဒီပွဲက အခွင့်အလမ်းကောင်းပါ။ ဒီဇင်ဘာမှာ ဖြစ်ခဲ့သလို မနက်ဖြန်မှာ ထပ်ဖြစ်တော့မှာ မဟုတ်ဘူး။ မနက်ဖြန် (ဗန်) မင်းနဲ့ သံဆန်ခါထဲမှာ တွေ့မယ်” လို့ ပန်တိုဂျာက ပွဲကြိုအင်တာဗျူးမှာ အသိပေးခဲ့ပါတယ်။

ဗန်ကတော့ မနက်ဖြန်ပွဲမှာ သူနိုင်၊ ကိုယ်နိုင် အပြိုင်ကြဲမှာ ဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

“မတော်တဆ မဟုတ်ဘူး။ ဖြစ်ရမယ့်အတိုင်း ဖြစ်ခဲ့တာပါ။ ကြုံကို ကြုံရမယ့် အဖြစ်အပျက်ပါပဲ။ မနက်ဖြန်ကျရင် သူနိုင် ကိုယ်နိုင် အပြိုင်ကြဲမှာပဲ။ အဲဒါကို စိတ်ချထားလိုက်ပါ” လို့ ဗန်က ဆိုပါတယ်။

ဂျိုရှုအာဗန်ဟာ သြဂုတ်လအတွင်းက ပွဲကြို Press မှာလည်း ပန်တိုဂျာကို (၃) ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပြောခဲ့ပါသေးတယ်။

ဂျိုရှုအာဗန်နဲ့ ပန်တိုဂျာတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းက ပထမအကြိမ်တွေ့ဆုံခဲ့ဖူးပြီး အဲဒီ့ပွဲမှာ ပထမအချီ စက္ကန့်ပိုင်းအတွင်း ဗန်က အလဲထိုးနဲ့ အနိုင်ရကာ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲမှာ ပထမအချီ စက္ကန့်ပိုင်းမှာတင် ဂျိုရှုအာဗန်ရဲ့ တွန်းထိုးမှုကြောင့် ပန်တိုဂျာမှာ ပြုတ်ကျခဲ့ပြီး လက်ဒဏ်ရာရရှိခဲ့လို့ ဆက်မထိုးသတ်နိုင်တာကြောင့် ဗန်က အနိုင်ရရှိကာ ချန်ပီယံဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် UFC က ချန်ပီယံဟောင်း ပန်တိုဂျာအား အခွင့်အရေး ပေးတဲ့အနေနဲ့ ချန်ပီယံခါးပတ် ပြန်လည်စိန်ခေါ်ခွင့်ပေးကာ ဂျိုရှုအာဗန်နဲ့ ပွဲပြန်တည်ပေးခဲ့တာပါ။

ဂျိုရှုအာဗန်ဟာ ပန်တိုဂျာကို အနိုင်ရကာ ချန်ပီယံခါးပတ်ရရှိပြီးနောက် ပထမဆုံးချန်ပီယံကာကွယ်ပွဲအဖြစ် ပြီးခဲ့တဲ့မေလအတွင်းက ဂျပန်ဖိုက်တာ တက်ဆူရိုနဲ့ ထိုးသတ်ခဲ့ရာ ငါးချီမြောက်မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုလာမယ့် ပန်တိုဂျာနဲ့ ပွဲစဉ်ဟာ ဗန်အတွက် ဒုတိယအကြိမ်မြောက် ချန်ပီယံကာကွယ်ပွဲအဖြစ် ထိုးသတ်ရမှာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မိုးရွာပြီးစ မြူတွေဆိုင်းနေတဲ့ ချင်းတောင််ခြေတနေရာမှာ ချယ်ရီပန်းနဲ့ ထင်းရှုးပင်တွေ ဝိုင်းရံထားတဲ့ ခြံဝင်းလေးနဲ့ အိမ်လေးတစ်လုံးဟာ သက်ငြိမ်ပန်းချီကားတစ်ချပ်လို လှပနေပါတယ်။တောင်မြူခိုးတွေဟာအိမ်လေးရဲ့ဘေးဘီမှာ ဝေ့သီ‌နေပါတယ်။ ကျေးငှက်တွေရဲ့ တွန်ကျူးသံက ငြိမ့်ညောင်းလှပါတယ်။

သတင်း

UFC ရဲ့ ဖလိုင်းဝိတ်တန်း ချန်ပီယံခါးပတ်ပိုင်ရှင် ချင်းတိုင်းရင်းသား ဂျိုရှုအာဗန်ဟာ လာမယ့် ချန်ပီယံကာကွယ်ပွဲမှာ ဘရာဇီးဖိုက်တာ ပန်တိုဂျာကို ပွဲချိန် ၃ချီအတွင်း အလဲထိုးပြီး ပွဲသိမ်းမယ်လို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

သတင်း

(၁၇)ကြိမ်မြောက် World MMA Awards ဆုပေးပွဲမှာ ချင်းလူမျိုးဖိုက်တာ ဂျိုရှုအာဗန် က (တစ်နှစ်တာအတိုးတက်ဆုံးဖိုက်တာဆု) Breakthrough Fighter of the Year ဆုကို ဆွတ်ခူးခဲ့ပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော် မြက်ခင်းပြင်မှာ ကျင်းပခဲ့တဲ့ ကိုယ်ခံပညာ တိုက်ခိုက်ရေးပေါင်းစုံ (MMA) အားကစား ပြိုင်ပွဲကို ပစ်မှတ်ထားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့တစ်ခုကို ဖော်ထုတ် တားဆီးနိုင်ခဲ့ကြောင်း အမေရိကန် ထောက်လှမ်းရေး ဗျူရို (FBI)က ထုတ်ပြန်ခဲ့ပါတယ်။