Connect with us

Hi, what are you looking for?

သတင်း

ကရင်နဲ့မွန်အစပ်ရှိကျေးရွာရဲ့စာသင်ကျောင်းဗုံးကြဲခံရ

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ – ၂၀ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့ ညနက်ပိုင်း ၁၁ နာရီခွဲအချိန်ခန့်က ဒုံသမိချောင်းခြားထားတဲ့ မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ကြသောင်းဆိပ်အနောက်ရွာနဲ့ ကရင် ပြည်နယ်၊ ဘားအံမြို့နယ်၊ ကြသောင်းဆိပ်အရှေ့ရွာတွေဘက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတာပါ။

ဗုံးကြဲခံရတဲ့နေရာတွေဟာ ကရင်အမျိုးသားအစည်းအရုံး( KNU ) တပ်မဟာ( ၁) စစ်ရေးလှုပ်ရှားရာနယ်မြေဖြစ်ပြီး တိုက်ပွဲမဖြစ်ဘဲ ဗုံးကြဲတာလို့ ဒေသခံအချို့ကဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ကြသောင်းဆိပ်အနောက်ရွာက စာသင်ကျောင်းတစ်ကျောင်းနဲ့ အနီးဝန်းကျင်က နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ပေမယ့် လူထိခိုက်မှုတော့ မရှိဘူးလို့ KNU တပ်မဟာ (၁ )သတင်းရင်းမြစ်က အသိပေးပါတယ်။

ကြသောင်းဆိပ်ရွာဟာအိမ်ခြေငါးရာခန့် ရှိတဲ့ရွာတစ်ရွာပါ။

KNU ဒူးသထူ(သထုံ)ခရိုင်၊ တပ်မဟာ (၁) စစ်ရေးလှုပ်ရှားရာ နယ်မြေအတွင်းမှာစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးကြဲမှုတွေကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်ကနေ စက်တင်ဘာ ၁၀ ရက်နေ့အထိ ကလေးနှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဒူးသထူခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါအပြင် စစ်တပ်ရဲ့ထိုးစစ်ကြောင့် အခုနှစ် ဧပြီလကနေ ဇွန်လအတွင်း KNU တပ်မဟာ (၁) နယ်မြေထဲမှာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံစစ်ရှောင်ဦးရေဟာ၁၄၀,၀၀၀ ကျော်ရှိနေတယ်လို့ ကရင်အရပ်ဖက်အဖွဲ့ (KPSN )ရဲ့ အချက်အလက်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ၀က်လက်မြို့နယ်အရှေ့ခြမ်းနဲ့ ဧရာဝတီမြစ်ရိုးတလျောက်တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ထံက ဂျန်ဘာကားအပါအ၀င် စစ်ကား ၅စီး၊ဒရုန်းတွေနဲ့လက်နက်တွေ သိမ်းဆည်းရရှိတယ်လို့ရွှေဘိုခရိုင် အမှတ် (၂)တပ်ရင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။