Connect with us

Hi, what are you looking for?

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​မှာ AAက စစ်တပ်ထံကလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

(စစ်​​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲမှာ စစ်တပ်ထံကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ/ AA တပ်ဖွဲ့ဝင်နဲ့စစ်သုံ့ပန်း​တွေ ။ ဓါတ်ပုံ-AA Info Desk)

စက်တင်ဘာ-၂၀၊၂၀၂၆။​နေ့သစ်/People’s Spring

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။

လက်နက်မျိုးစုံ၊ဂျန်ဘာ ၊ခဲယမ်း​အမြောက်အများသိမ်းဆည်းရရှိတာကို သတင်းဓါတ်ပုံ ​တွေမှာတွေ့ရပြီး စစ်သုံ့ပန်း​အချို့ဖမ်းဆီးထားတာကိုလည်း​တွေ့ရပါတယ်။

စစ်တပ်ဝါဒဖြန့်သူ​​​တွေက စစ်တပ်ကရခိုင်ပြည်နယ်ကဆုံးရှုံးနယ်​မြေ​တွေကို တန်ပြန်ထိုးစစ်ဆင်တဲ့ ၄၉၂၆ စစ်ဆင်​ရေး​ရေးဆိုပြီး အကြီးအကျယ်ဝါဒဖြန့် ​နေကြချိန်မှာ အာရက္ခတပ်​တော် က စစ်​တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲနဲ့ ပတ်သက်ပြီးစက်တင်ဘာ ၂၀ ရက်မှာမှ တရာဝင် စတင်ထုတ်ပြန်လာတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

စစ်တပ်ဆီကသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်းနဲ့ အ​လောင်းပုံ​တွေကိုဆက်လက်ထုတ်ပြန်မယ်လို့လည်းအသိ​ပေးထားပါတယ် ။စစ်သား​တွေရဲ့ရုပ်အ​လောင်းဓါတ်ပုံကို People’s Spring တယ်လီဂရန် https://t.me/PeopleSpring/113340?single မှာကြည့်ရှုနိုင်ပါတယ်။

ဒါ့အပြင် စစ်တပ်က ရက္ခိုင်လူမျိုးဆိုရင် ကလေးငယ်၊ အမျိုးသမီး၊ အမျိုးသား မ​ရွေး​တွေ့တဲ့​နေရာ ပစ်ခတ်သတ်ဖြတ်ရှင်းလင်းဖို့ အမိန့်​ပေးထားကြောင်းစက်တင်ဘာ ၁၆ရက်နေ့က ဖမ်းမိတဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သားအောင်ပြည့်စုံနဲ့ တပ်သား မိုက်ကယ်တို့ကထွက်ဆိုပြောကြားထားပါတယ်။

စက်တင်ဘာလ (၁၆) ရက်နေ့က ကွမ်းတောင် ရွာ နဲ့ အမြင့်ကျွန်းရွာကြားတိုက်ပွဲမှာဖမ်းဆီးရရှိတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ပခုက္ကူအခြေစိုက် အမှတ် (၁၀၁) တပ်မဌာနချုပ်လက်အောက်ခံ၊ ခလရ (၂၅၂) တပ်ရင်းမှ တပ်သား အောင်ပြည့်စုံ နဲ့ စစ်တပ်ထံမှာသိမ်းဆည်းရရှိတဲ့ လက်နက်မျိုးစုံ ၄၃လက်၊ ဒရုန်းတစ်စင်းနဲ့ ခဲယမ်း​တွေ ကို AA ကထုတ်ပြန်လာတာဖြစ်ပါတယ်။

စစ်သုံ့ပန်း အောင်ပြည့်စုံက သူဟာဗိုလ်ကြီးလို့​ပြောပြီး သူနဲ့အတူပါတဲ့ အရာရှိအပါအဝင်စစ်သား​တွေက သူ့ကို ထားခဲ့ပြီးထွက်​ပြေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ် ။ စစ်တပ်မှာ သစ္စာမရှိကြဘဲ မစာနာတဲ့အတွက် AA ဆီဝင်ပြီး အမှုထမ်းရရင် ဝင်ပြီးအမှုထမ်းလိုကာဝင်မရရင်လည်း ပခုက္ကူပြန်​ရောက်ရင် သူ့ကိုသစ္စာ​ဖောက်တဲ့သူ​တွေကို သတ်ချင်တယ်လို့​ပြောပါတယ် ။

စစ်တပ်က ရခိုင်ပြည်နယ်မှာ က​လေး၊လူကြီး၊အမျိုးသား ၊အမျိုးသမီးမ​ရှောင် သတ်ဖို့ ညွှန်ကြားထားပြီး ​နောက်ပြန်ဆုတ်ခွင့်မရှိဘဲ အ​သေခံတိုက်ရမယ်လို့စစ်တပ်ကအမိန့်​ပေးထားတယ်ဆိုပါတယ် ။ ဒါ့အပြင် နွား​တွေ ၊ကြက်​တွေ ​တွေ့ရင်လည်းအကုန်ဆွဲဖို့စစ်တပ်က​ပြောတယ်လို့သိရပါတယ်။

“ဟိုဘက်က အင်အာများတယ်ဆိုပြီးတော့ တပ်စိပ်မှူးက ပြေးတယ်။ ပြေးပြီးတော့ ကျနော်တို့ကို ထားခဲ့တယ်။ ထားခဲ့ပြီး ပြန်လာခေါ်မယ်စောင့်နေဆိုပြီးတော့ ကျနော်တို့ အဖမ်းခံရတာရှိတယ်”လို့တပ်သားအောင်ပြည့်စုံက စစ်တပ်အရာရှိတွေက ငယ်သားတွေကို ဆုတ်ခွာတာအသိမပေးဘဲကာကင်းအဖြစ် ထားပြီးထွက်ပြေးသွားတာကိုပြောပါတယ်။

“ကလေးလူကြီးမကျန် အကုန်ပစ်သတ်ပစ်၊ နွားတွေ့ရင်နွားဆွဲ၊ ကြက်တွေ့ရင် ကြက်ဆွဲ တွေ့ရင် တွေ့တာ အကုန်ဆွဲလို့ ပြောတယ်ဗျ။ ကလေးပါ မချန် အကုန်ပစ်သတ်ပစ် အဲဒီလို ညွှန်ကြားတာဗျ။ နောက်ကို ဘယ်တော့မှ ပြန်ဆုတ်မလာနဲ့ အသေခံပစ် “လို့ တပ်သားအောင်ပြည့်စုံက ပြောပါတယ်။သစ္စာမရှိ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့ စစ်ကောင်စီတပ်သားတွေကို စိတ်နာကြောင်းလည်းသူက ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း တပ်သားတဦးဖြစ်တဲ့ တပ်သား မိုက်ကယ်ကလည်း စစ်ကောင်စီတပ်ဖွဲ့တွေဟာ သူတို့ကို ရန်သူတွေ စောင့်ကြည့်ခိုင်းထားချိန် အသိမပေးဘဲ ဆုတ်ခွာသွားတာလို့ ပြောပြပါတယ်။

“သူတို့က ဘယ်လို ဆုတ်လို့ဆုတ်သွားမှန်းမသိဘူး”လို့ တပ်သားမိုက်ကယ်က ပြောပါတယ်။

ရက္ခိုင်ပြည်နယ်ကြီးကိုအမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့အတွက် အမြို့မြို့အနယ်နယ်အဘက်ဘက်မှ စစ်ဖြန့်နေကြောင်း အရာရှိတွေက အသိပေးတယ်လို့ ဆိုပါတယ်။

“ရက္ခိုင်နဲ့ တွေ့လို့ရှိရင် ဘာမှကို မချန်နဲ့ မိန်းမသားလည်းမချန်နဲ့ ယောက်ျားသားလည်းမချန်နဲ့ ကလေးသူငယ်လည်းမချန်နဲ့ အမြစ်ပါမကျန် သုတ်သင်ရှင်းလင်းဖို့ အမိန့်မှာကြားထားပါတယ်။” လို့လည်း တပ်သားမိုက်ကယ်က ပြောပါတယ်။

ငယ်သားတွေ ဆုတ်ခွာရင် အရေးယူခံရပြီး အရာရှိတွေကငယ်သားတွေကို အသိမပေးဘဲ ဆုတ်ခွာသွားတာဟာ ရဲဘော်ရဲဘက်စိတ်ဓာတ်မရှိ ကိုယ်ချင်းစာစိတ်မရှိတာလို့လည်း ပြောပါတယ်။လက်ရှိ စစ်ကောင်စီတပ်တွင်း တပ်သားအများစုဟာ စစ်တပ်ထဲက ထွက်ပြေးချင်ကြပြီး စစ်မတိုက်ချင်ကြဘူလို့သူကဆက်ပြောပါတယ်။

“အခွင့်အရေးရရင်ပြေးပါ ဒါပဲ ကျနော်မှာကြားချင်ပါတယ်” လို့လည်း တပ်သား မိုက်ကယ်က စစ်တပ်တွင်း ကျန်နေတဲ့ စစ်သားတွေကို ပြောပါတယ်။

စစ်တပ်က စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်​နေရာ​တွေနဲ့ ​ကျောက်ဖြူကို စက်တင်ဘာ ၄ ရက်ကစပြီး ကြည်း​၊​ရေ​၊​လေ ၊လက်နက်ကြီးပစ်ကူ​တွေကိုသုံးပြီးတန်ပြန်ထိုးစစ်ဆင်​ပေမယ့် AA ကဖြတ်​တောက်တိုက်ခိုက်လို့စစ်မျက်နှာအများစုမှာ ​သေဆုံး ၊ဒဏ်ရာရ၊ထွက်​ပြေးသူ ၊အဖမ်းခံသူ ၊အလင်းဝင်သူ​တွေများပြီး စစ်​ကြောင်း​တွေတပ်လန်ကျခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။