Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရေကြီးပြီး မြို့ခံတွေ စိုးရိမ်တကြီး စျေးဝယ်ကြလို့ ဘန်ကောက် ကုန်စုံဆိုင်တချို့မှာ ပစ္စည်းပြတ်

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

ဓာတ်ပုံ - Thai Enquirer

မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ စိုးရိမ်တကြီး စျေးဝယ် စုဆောင်းမှုတွေ ဖြစ်လာပြီး စျေးဝယ်စင်တာတွေ၊ ကုန်စုံဆိုင်တွေမှာ ကုန်ပစ္စည်းတချို့ ပြတ်လပ်ကုန်ပါတယ်။

စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းကစလို့ ဘန်ကောက်က တူးမြောင်းတွေမှာ ရေလျှံပြီး ရေကြီးမှုတွေ ဖြစ်ပေါ်လာရာက ဘန်ကောက်ရဲ့ ခရိုင် ၅၀ စလုံးမှာ ရာသီဥတုဆိုင်ရာ အရေးပေါ် အခြေအနေတွေ ထုတ်ပြန်ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ မြို့ခံတွေက စိတ်ပူပြီး စားနပ်ရိက္ခာနဲ့ အရေးပေါ် လိုအပ်မယ့် လူသုံးကုန် ပစ္စည်းတွေကို ဝယ်ယူ စုဆောင်းရာက ကုန်စုံဆိုင်တွေ၊ စျေးဝယ်စင်တာတွေရဲ့ တချို့ကုန်စည်တွေ ပစ္စည်းပြတ်လပ်တဲ့ထိ ဖြစ်လာခဲ့တာပါ။ တာဝန်ရှိသူတွေကတော့ ပစ္စည်းတွေ အမြန်ဆုံး ပြန်လည် ဖြည့်တင်းပေးနိုင်ရေး ညွှန်ကြားထားပါတယ်။

ဘန်ကောက်ရဲ့ နေရာတချို့မှာ စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းကစလို့ ရွာသွန်းတဲ့ မိုးဟာ နာရီပေါင်း ၃၀ ကျော်လောက်ထိ ရပ်နားမသွားတဲ့နောက် မြို့ရဲ့ ရေဆင်းစနစ်တွေ မနိုင်မနင်းဖြစ်ပြီး တူးမြောင်းတွေ ရေလျှံကုန်တာပါ။ နောက်တော့ မြို့လယ် ဧရိယာတွေမှာ ကားတွေပါ ရေမြုပ်တဲ့ထိ ရေကြီးမှုတွေ ကြုံလာပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၆ ရက်နေ့မှာတော့ မြို့ခံ အများအပြားဟာ မြို့တွင်းက 7-Elevenလို ကုန်စုံဆိုင်တွေမှာ အသင့်စား အစားအသောက်တွေ၊ အစာခြောက်တွေ၊ ပေါင်မုန့်နဲ့ သရေစာတွေ၊ ရေနဲ့ အအေးတွေ၊ နွားနို့နဲ့ ဒိန်ချဉ်တွေကို အများအပြား ဝယ်ယူကုန်ကြပါတယ်။

7-Eleven ကုန်စုံဆိုင် ဝန်ထမ်းတစ်ဦးကတော့ စက်တင်ဘာ ၂၅ ရက် ညနေပိုင်းလောက်ကစလို့ စျေးဝယ်သူတွေ သိသိသာသာ တိုးလာပြီး နောက်တစ်နေ့မှာတော့ စိုးရိမ်ပြီး စျေးလာဝယ်ယူတွေ အရမ်းများလာကြောင်း ပြောပါတယ်။ အများစုကတော့ အသင့်စား အစားအသောက်တွေ၊ ကြက်ဥနဲ့ ဆန်တွေ၊ ခေါက်ဆွဲခြောက်တွေ ဝယ်ကြတယ်လို့ အဲဒီ ဝန်ထမ်းက ဆိုပါတယ်။

ထိုင်း စီးပွားရေးဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဆူဖာဂျီ ဆူသွမ်ပွန်ကတော့ စားသောက်ကုန်နဲ့ လူသုံးကုန်တွေ လိုအပ်သလောက် ဖြည့်တင်းပေးနိုင်ရေး၊ စျေးနှုန်း တည်ငြိမ်အောင် ထိန်းသိမ်းကြပ်မတ်ရေးအတွက် သက်ဆိုင်ရာ အေဂျင်စီတွေကို ညွှန်ကြားထားပါတယ်။

ပြည်သူတွေက စိတ်ပူပြီး ရိက္ခာတွေ ဝယ်စုနေချိန် သက်ဆိုင်ရာ ဧရိယာတွေမှာ ကုန်ပစ္စည်းတွေ ပြတ်တောက်မသွားစေဖို့အတွက် လက်လီနဲ့ လက်ကား အရောင်းဆိုင်တွေ ပူးပေါင်း လုပ်ဆောင်ဖို့၊ သယ်ယူပို့ဆောင်ရေးတွေ အရှိန်အဟုန် မြှင့်တင်ပေးနိုင်ဖို့ ဝန်ကြီးက လမ်းညွှန်ထားပါတယ်။

စျေးဆိုင်တွေက အလွန်အကျွံ စျေးတင်ရောင်းချတာ၊ ပစ္စည်းတွေကို မရောင်းဘဲ သိုလှောင်ထားတာ၊ ကုန်စည်စျေးနှုန်းတွေကို မြင်သာအောင် ကပ်မထားတာမျိုးတွေ ဆိုရင် တိုင်ကြားဖို့လည်း ပြည်တွင်းကုန်သွယ်ရေးဌာနရဲ့ hotline ဖုန်းနံပါတ်ကို ထုတ်ပြန်ပေးထားပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ရေကြီးမှုတွေ အခြေအနေ ဆိုးလာတာကြောင့် ခရိုင် ၅၀ စလုံးကို အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အရှေ့ပိုင်း ဧရိယာတွေမှာ ရေကြီးမှုတွေနဲ့ ရင်ဆိုင် ကြုံတွေ့နေရပါတယ်။

နိုင်ငံတကာ

ထိုင်းက အိမ်တစ်လုံးထဲမှာ ဖမ်းဆီးချုပ်နှောင် ခံထားရပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ခံခဲ့ရတယ်ဆိုတဲ့ တရုတ် အမျိုးသမီး ၃ ဦးကို ရဲတပ်ဖွဲ့က ကယ်ဆယ်နိုင်ခဲ့ပါတယ်။

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

Facebook